DVB Logo
Home
မြန်မာသတင်း
ယာဉ်မောင်းလိုင်စင်ခ နှုန်းထားများ ဆယ်ဆကျော်တိုးမြှင့်ကောက်ခံမည်
DVB
·
October 6, 2018
ယာဉ်မောင်းလိုင်စင်ခ နှုန်းထားများ ဆယ်ဆကျော်တိုးမြှင့်ကောက်ခံမည်
Donate to DVB

မြန်မာနိုင်ငံမှာ ခေတ်နဲ့ မလျော်ညီတော့တဲ့ ယာဉ်မောင်းလိုင်စင် နှုန်းထားတွေကို  အခုလကစပြီး တိုးမြှင့်ပြောင်းလဲ ကောက်ခံတော့မယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

လက်ရှိကောက်ခံနေတဲ့ နှုန်းတွေဟာ ၁၉၉၇ ခုနှစ်ကတည်းက သတ်မှတ်ခဲ့တာဖြစ်လို့ ခေတ်နဲ့မလျော်ညီတော့တာကြောင့် လက်ရှိ နှုန်းထက် ၁၀ဆကျော်လောက်အထိ တိုးကောက်ခံ မယ်လို့ ဆိုပါတယ်။

စားသုံးသူအညွှန်းကိန်း၊ အနိမ့်ဆုံးလုပ်ခလစာနဲ့ ဝန်ထမ်းလစာတိုးတက်တာတွေကို ထည့်သွင်းစဉ်းစားပြီး အသက်သာဆုံးနှုန်းထားကို ပြောင်းလဲတာလို့လည်း ထုတ်ပြန်ဖော်ပြ ထားပါတယ်။

ဒါကြောင့် သက်တမ်းတနှစ်ရမယ့် သင်မောင်းလိုင်စင် အသစ်လုပ်တာ၊ နှစ်လဲတာ၊ မိတ္တူထုတ်တာတွေအတွက် ငွေကျပ် ၃၀၀၀၊ နေရပ်ပြောင်းလဲတာအတွက် ၆၀၀၀ ကျပ်၊ သက်တမ်း ၂ နှစ်ရမယ့် က ၁ လိုင်စင်ကို အသစ်လုပ်တာ၊ နှစ်လဲတာ၊ မိတ္တူ ထုတ်တာတွေအတွက် ငွေကျပ် ၅၀၀၀၊ နေရပ်ပြောင်းလဲတာအတွက် ၆၀၀၀ ကျပ်  တိုးမြှင့်ကောက်ခံမှာ ဖြစ်ပါတယ်။

သက်တမ်း ၅ နှစ်ရမယ့် က လိုင်စင်ကို အသစ်လုပ်တာ၊ နှစ်လဲတာအတွက် ငွေကျပ် ၁၂၀၀၀၊ မိတ္တူထုတ်တာအတွက် ၈၀၀၀ ကျပ်၊ နေရပ် ပြောင်းလဲတာ အတွက် ၆၀၀၀ ကျပ်၊ သက်တမ်း ၅ နှစ်ရမယ့် ခ လိုင်စင်အတွက် အသစ်လုပ်တာ၊ နှစ်လဲတာအတွက် ငွေကျပ် ၅၀၀၀၀၊ မိတ္တူထုတ်တာအတွက် ၃၀၀၀၀ ကျပ်၊ နေရပ် ပြောင်းလဲတာ အတွက် ၂၀၀၀၀ ကျပ်၊ သက်တမ်း ၅ နှစ်ရမယ့် ဂ လိုင်စင်နဲ့ ၃ နှစ်ရမယ့် ဃ လိုင်စင်ကို အသစ်လုပ်တာ၊ နှစ်လဲတာတွေအတွက် ငွေကျပ် ၆၀၀၀၀၊ မိတ္တူထုတ်တာအတွက် ၃၀၀၀၀ ကျပ်၊ နေရပ် ပြောင်းလဲတာအတွက် ၂၀၀၀၀ ကျပ်၊ သက်တမ်း ၃ နှစ်ရမယ့် င လိုင်စင်ကို အသစ်လုပ်တာ၊ နှစ်လဲတာတွေအတွက် ငွေကျပ် ၇၅၀၀၀၊ မိတ္တူထုတ်တာအတွက် ၅၀၀၀၀ ကျပ်၊ နေရပ် ပြောင်းလဲတာအတွက် ၃၀၀၀၀ ကျပ် စသည်ဖြင့် တိုးသွားမှာ ဖြစ်ပါတယ်။

ဒီနှုန်းထားသစ်တွေအတိုင်း အောက်တိုဘာ ၈ ရက်နေ့ကစလို့ ကောက်ခံသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနဟာ ပြီးခဲ့တဲ့ လကုန်ပိုင်းမှာပဲ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်နှုန်းထားတွေကိုလည်း ပြင်ဆင်လိုက်ပါတယ်။

ပြင်ဆင်တဲ့ နည်းဥပဒေအဖြစ် ထုတ်ပြန်လိုက်တာဖြစ်ပြီး ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်း လိုင်စင် လျှောက်လွှာကြေးက ကျပ်သိန်း ၅၀၊ ကွန်ရက် အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်- အထူး လျှောက်လွှာကြေးက ကျပ်သိန်း ၁၀၀၊ ကနဦးလိုင်စင်ခနဲ့ လိုင်စင်သက်တမ်း တိုးမြှင့်ခတွေ ကတော့ ကျပ်သိန်း ၁၀၀ ကနေ ကျပ်သိန်း ၅၀၀ အထိ သတ်မှတ်ထားပါတယ်။

ဓာတ်ပုံ-Update Myanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013