DVB Logo
Home
မြန်မာသတင်း
ကုလအေဂျင်စီများ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ထပ်မံကွင်းဆင်းလေ့လာ
DVB
·
October 6, 2018
ကုလအေဂျင်စီများ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ထပ်မံကွင်းဆင်းလေ့လာ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ထဲကို ကုလသမဂ္ဂအေဂျင်စီတွေဖြစ်တဲ့ UNHCRနဲ့ UNDP အဖွဲ့တွေ ဒုတိယအဆင့် ကွင်းဆင်းလေ့လာမှု အစီအစဉ်ကို ဒီကနေ့ စတင်ဆောင်ရွက်မယ်လို့ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေး ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူးကပြောပါတယ်။

ပထမအကြိမ်မှာ မောင်တောခရိုင်အတွင်း ကျေးရွာ ၂၇ရွာရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးအချက်အလက်တွေကို UNHCR နဲ့ UNDP တို့က ကွင်းဆင်းစစ်တမ်း ကောက်ယူခဲ့ ပါတယ်။

စာရင်းကောက်ယူရာမှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေက ကျေးရွာတွေလည်း ပါဝင်မှာဖြစ်ပြီး  ကျေးရွာပေါင်း ၈၆ ရွာကို ဆက်လက်စစ်တမ်းကောက်ယူဖို့ ကျန်ရှိနေသေးတယ်လို့ မောင်တောခရိုင် ဒုအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မောင်တောခရိုင်အတွင်း ကျန်ရှိနေတဲ့ ကွင်းဆင်းစစ်ဆေးဖို့အဆိုပြုထားတဲ့ ကျေးရွာတွေကတော့ ဘူသီးတောင်မြို့နယ်မှာ ကျေးရွာအုပ်စု ၉ စု၊ ကျေးရွာစုစုပေါင်း ၃၂ ရွာ၊ မောင်တောမြို့နယ်မှာ ကျေးရွာအုပ်စု ၁၆ စု ကျေးရွာစုစုပေါင်း ၇၅ ရွာနဲ့ ရသေ့တောင်မြို့နယ်မှာ ကျေးရွာအုပ်စု ၆ စု ကျေးရွာပေါင်း ၆ ရွာ ဖြစ်ပါတယ်။

ပထမအကြိမ် ကွင်းဆင်းစစ်ဆေး တွေ့ရှိချက်တွေနဲ့ပတ်သက်လို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ကုလသမဂ္ဂရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ UNHCR နဲ့ UNDP အရာရှိတွေက “အဲဒီဒေသက ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်အသိုင်းအဝိုင်းအကြားမှာ တဖက်နဲ့တဖက် မယုံသင်္ကာစိတ်တွေ ရှိနေကြပြီး၊ ကူးလူးဆက်ဆံမှု မရှိတဲ့အတွက် လူမှုစီးပွားတိုးတက်မှုမရှိဘဲ လူနေမှုဘဝ အဆင့်အတန်း ပိုမိုနိမ့်ကျနေတယ်”လို့ပြောသွား ပါတယ်"

သူတို့ရောက်ရှိလေ့လာခဲ့တဲ့ နေရာတွေမှာ နှစ်ဖက်အသိုင်းအဝိုင်းဟာ တသီးတခြားစီ နေထိုင်နေကြတဲ့အတွက် အပြန်အလှန်နားလည်မှုရရှိဖို့ ပိုမိုခက်ခဲနေကြောင်း၊ အထူးသဖြင့် မွတ်စလင်တွေအနေနဲ့ တနေရာနဲ့တနေရာ လွတ်လွတ်လပ်လပ်သွားလာခွင့် မရကြသလို ကျန်းမာရေး စောင့်ရှောက်မှုလည်း ကင်းမဲ့နေကြောင်း၊ သူတို့တွေ့ခဲ့ရသူ အတော်များများကတော့ ငြိမ်းချမ်းစွာ အတူတကွနေထိုင်ရေးကို လိုလိုလားလားရှိနေတာ သိရတဲ့အတွက် အနာဂတ် အတွက် အားတက်စရာရှိကြောင်း ပြောကြပါတယ်။

မြန်မာအစိုးရနဲ့ ကုသမဂ္ဂမဟာမင်းကြီးရုံး UNHCR နဲ့ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် UNDP တို့အကြား လက်မှတ်ရေးထိုးထားတဲ့ MOU နားလည်မှု စာချွန်လွှာအရ မောင်တော ခရိုင်အတွင်း ကျေးရွာတွေရဲ့ လက်ရှိလိုအပ်ချက်တွေ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးစတဲ့ အချက်အလက်တွေကို အသေးစိတ် စာရင်းကောက်ယူနေတာလည်း ဖြစ်ပါတယ်။

UNDP အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို ၁၉၉၆ခုနှစ်လောက်ကတည်းက စတင်ဝင်ရောက်ခဲ့ပြီး ၂၀၁၂ခုနှစ်မှာတော့  ပြဿနာတွေ ဖြစ်ပွားခဲ့ကာ ၂၀၁၃ ခုနှစ်မှာ လုပ်ငန်းတွေအားလုံး ယာယီ ရပ်ဆိုင်းခဲ့ပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013