DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီ ဒေါ်လာသန်း ၄၀၀ ဖိုး ပြည်ပက လစဉ်ဝယ်ယူတင်သွင်းနေရ
DVB
·
October 6, 2018
စက်သုံးဆီ ဒေါ်လာသန်း ၄၀၀ ဖိုး ပြည်ပက လစဉ်ဝယ်ယူတင်သွင်းနေရ
Donate to DVB

ပြည်ပကနေ အမေရိကန်ဒေါ်လာသန်း ၄၀၀ နီးပါး တန်ဖိုးရှိတဲ့ စက်သုံးဆီတွေ လစဉ် ၀ယ်ယူတင်သွင်းနေရတာဟာ ဒေါ်လာဈေးမြင့်တက်စေတဲ့ အကြောင်းရင်းတွေထဲမှာ  တခုအနေနဲ့ ပါဝင်တယ်လို့ နိုင်ငံတော်သမ္မတရုံးကပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။

မနေ့က နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောသွားတာဖြစ်ပြီး   မြန်မာပြည်မှာ စက်သုံးစီရောင်းချနေသူအားလုံးဟာ စက်သုံးဆီကို ပြည်ပကနေ တင်သွင်းနေရတာဖြစ်ပြီး တလကို စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါး ဖိုး ၀ယ်ယူရတယ်လို့  သမ္မတရုံး ပြောခွင့်ရသူက ဆိုပါတယ်။

စက်သုံးဆီကို ပြည်ပကနေ ဝယ်ယူတင်သွင်းရာမှာ ဒေါ်လာနဲ့ ၀ယ်ယူ တင်သွင်းရတာဖြစ်ဖို့ စက်သုံးဆီဈေးနှုန်းကို ရိုက်ခတ်မှုရှိ နေတာပါ။

ပြည်တွင်းမှာ ဒေါ်လာဈေးနှုန်းဟာ ၁ဒေါ်လာကိုမြန်မာကျပ်ငွေ ၁၆၀၀ကျော် အထိပြီးခဲ့တဲ့လက စံချိန်တင်မြင့်တက်ခဲ့ပါတယ်။

စက်သုံးဆီနဲ့ ပတ်သက်လို့ နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီတွက ရင်နှီးမြုပ်နှံဖို့ လာရောက်ဆွေးနွေးကြပေမယ့် မြေနေရာငှားရမ်းတဲ့နေရာမှာ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စက်သုံးဆီနဲ့  ပတ်သက်ပြီးအရင်က 1943 Petroleum အက်ဥပဒေအရ  ပြည်တွင်း စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချမှုလုပ်ငန်းကို နိုင်ငံတော်ကသာ လုပ်ဆောင် ခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ်နောက်ပိုင်းကစလို့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချခွင့် စတင်ခွင့်ပြုခဲ့တာပါ။

အစိုးရသစ်တက်လာပြီးနောက်ပိုင်း ပြည်ပကနေ စက်သုံးဆီနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံလိုတဲ့ကုမ္ပဏီတွေကို ၂၀၁၇ ဧပြီ ၁၀ ရက်ကစပြီး ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံခွင့် ပေးခဲ့ပါတယ်။

စက်သုံးဆီဈေးနှုန်း မြင့်တက်တာကြောင့် သယ်ယူပို့ဆောင်စရိတ် မြင့်တက်စေပြီး ကုန်ဈေးနှုန်းအပေါ်သက်ရောက်မှုရှိနေလို့ ဖြေရှင်းဖို့ လုပ်ဆောင်နေတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ  ဦးဇော်ဌေး ပြောပါတယ်။

ဓာတ်ပုံ-Denko

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013