DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် ဗီဇာအမျိုးမျိုးဖြင့်နေထိုင်သည့် စည်းကမ်းပျက်နိုင်ငံခြားသား ၃၈ ဦးကို ပြည်နှင်ဒဏ်ပေး
DVB
·
October 6, 2018
စစ်ကိုင်းတိုင်းတွင် ဗီဇာအမျိုးမျိုးဖြင့်နေထိုင်သည့် စည်းကမ်းပျက်နိုင်ငံခြားသား ၃၈ ဦးကို ပြည်နှင်ဒဏ်ပေး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ ဗီဇာအမျိုးမျိုးနဲ့ လာရောက်နေထိုင်နေတဲ့  စည်းကမ်း ပျက်နိုင်ငံခြားသား ၃၈ ဦးကို ပြည်နှင်ဒဏ်ပေးထားတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့  စိုက်/မွေး/သယံဇာတ ဝန်ကြီး ဦးကမ်ဇာမုံက ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ သတ္တုရှာဖွေတူးဖော်ရေး၊ ဖရဲသခွားစိုက်ပျိုးရေး၊ ပညာရေး စတဲ့လုပ်ငန်းတွေ အပါအဝင် ဗီဇာအမျိုးမျိုးနဲ့ လာရောက်နေထိုင်နေကြတဲ့ နိုင်ငံခြားသားတွေကို သက်ဆိုင်ရာကစည်းကမ်းနဲ့ ညီမညီ လစဉ်စစ်ဆေးနေတာပါ။

လတ်တလော စည်းကမ်းပျက် နိုင်ငံခြားသား ၃၈ ဦးကို ပြည်နှင်ဒဏ်ပေးထားသလို ၁ ဦးကတော့ တရားရင်ဆိုင်နေ ဆဲဖြစ်တယ်လို့ ဝန်ကြီး ဦးကမ်ဇာမုံက မနေ့က စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်မှာ  ပြောသွားပါတယ်။

အစိုးရအနေနဲ့ ဖရဲသခွားလာရောက်စိုက်ပျိုးနေတဲ့ တရုတ်နိုင်ငံသားတွေကို စစ်ဆေးတာ၊ တောင်သူတွေငှားရမ်းထားတဲ့ မြေတွေမပျက်စီးဖို့ ဖရဲသခွားစိုက်ရာမှာ အသုံးပြုနေတဲ့ မြေဆီ၊ ပိုးသတ်ဆေး၊ မျိုးစေ့တွေ တရားဝင်ဟုတ်မဟုတ် စစ်ဆေးတဲ့ အခြေအနေကို ဘုတလင်မြို့နယ်လွှတ်တော်အမတ် ဦးအောင်ကျော်က  တိုင်းလွှတ်တော်မှာ မေးမြန်းခဲ့တာပါ။

စစ်ကိုင်းတိုင်းအတွင်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ဖရဲသီးနှံစိုက်ဧက ၁၇၉၉၇ ဧက၊ သခွားမွှေး ၁၃၀၉၇ ဧက ရှိတယ်လို့ စိုက်ပျိုးရေးဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။

ဖရဲသခွားစိုက်ပျိုးနေတဲ့ ကုမ္ပဏီတွေကိုလည်း ရှောင်တင်ခင်စစ်ဆေးရာမှာ တရားမဝင် မြေဆီ၊ ပိုးသတ်ဆေးတွေ ဖမ်းဆီးရမိတာတွေရှိနေပြီး ဥပဒေအရ အရေးယူတာတွေလည်း ရှိတယ်လို့ ဝန်ကြီးက ပြောပါတယ်။

ဒေသခံတောင်သူအများစုဟာ ဖရဲသခွားနဲ့ပတ်သက်ပြီး မျိုးစေ့၊ ဈေးကွက်၊ သွင်းအားစု စတာတွေနဲ့ပတ်သက်လို့ အာမခံချက်မရှိဘဲ တရုတ်အပေါ်မှာသာ မှီခိုနေရတာပါ။

ဖရဲသခွားနဲ့ပတ်သက်ပြီး တောင်သူတွေ ဆုံးရှုံးမှုလျော့နည်းစေဖို့ ပြီးခဲ့တဲ့သြဂုတ်၂၂ ရက်ကလည်း သက်ဆိုင်သူတွေပါဝင်တဲ့ ရာသီကြိုလုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013