DVB Logo
Home
မြန်မာသတင်း
ချေးငွေရမည်ဆိုပြီး တောင်သူများအား လိမ်ညာနေသည့် ကုမ္ပဏီများကို အရေးယူ
DVB
·
October 6, 2018
ချေးငွေရမည်ဆိုပြီး တောင်သူများအား လိမ်ညာနေသည့် ကုမ္ပဏီများကို အရေးယူ
Donate to DVB

ချေးငွေတွေရမယ်လို့ တောင်သူတွေကို လိမ်ညာပြီး ဝန်ဆောင်ခယူနေတဲ့ ကုမ္ပဏီတွေကို အရေးယူနေသလို တွေ့ရှိရင် အကြောင်းကြားပေးဖို့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက အသိပေး ကြေညာထားပါတယ်။

ကုမ္ပဏီတချို့ဟာ ငွေချေးခွင့် လိုင်စင်မရှိဘဲ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ မိတ္တူရယူလို့ ၁၀ ဧကကို ငွေ ၅ သိန်း၊ ၁၀ သိန်း ချေးပေးမယ်ဆိုပြီး ဝန်ဆောင်ခအဖြစ် တဧကကို ငွေ ၅၀၀၀ ကျပ်ကနေ ၁၅၀၀၀ အထိ ကောက်ခံနေတယ်လို့ ဆိုပါတယ်။

ရွှေသစ္စာမြေကုမ္ပဏီ၊ ဓနတိုးဝင်းအောင် ကုမ္ပဏီ၊ Genral Star ကုမ္ပဏီ၊ Phyo Thet Aung ကုမ္ပဏီတို့ဟာ ပျဉ်းမနား၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ မြောင်းမြ၊ ဝါးခယ်မ၊ မိုးညှင်း၊ မိုးကောင်း၊ ပုလဲ၊ ရေနံချောင်း၊ တောင်တွင်းကြီး၊ ဇေယျာသီရိ၊ ကျောက်ဆည်၊ တောင်ငူ၊ ဝမ်းတွင်း၊ ရွာငံနဲ့ မြစ်သား မြို့တို့မှာ မက်လုံးပေး အယုံသွင်းလိမ်ညာခဲ့တယ်လို့ စီမံဘဏ္ဍာ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ပြည်ထဲရေး၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုဘဏ်၊ တိုင်းအစိုးရတွေ ညှိနှိုင်းပြီး အရေးယူဖို့ လုပ်နေပြီး ဒီထဲက ရွှေသစ္စာမြေကုမ္ပဏီကိုတော့ အမှုဖွင့် တရားစွဲထားပြီလို့လည်း ဆိုပါတယ်။

ဒါကြောင့် တောင်သူတွေအနေနဲ့ ငွေချေးခွင့် လိုင်စင်မရှိဘဲ လိမ်ညာနေတဲ့ ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တွေ တွေ့ရင် ကျေးရွာ၊ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာတွေ၊ ငွေရေးကြေးရေးစစ်ဆေးရေး ဦးစီးဌာနမှူးတွေကို ချက်ချင်း သတင်းပို့ဖို့ တိုက်တွန်းထားပါတယ်။

တကယ်လို့ ငွေတွေ ပေးအပ်ခဲ့ပြီး ဖြစ်ရင်တော့ တရားစွဲဆိုဖို့ကိုလည်း လမ်းညွှန်ထားပါတယ်။

နိုင်ငံအနှံ့အပြားမှာ တောင်သူတွေကို နည်းလမ်းပေါင်းစုံနဲ့ လိမ်ညာနေတာတွေရှိပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကလည်း နယ်တွေကို ကိုယ်စားလှယ်စေလွှတ်ကာ အသင်းဝင်ခိုင်းတာမရှိသလို ချေးငွေရဖို့ အာမခံတာ၊ ငွေတောင်းတာတွေလည်း မရှိဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013