DVB Logo
Home
မြန်မာသတင်း
နန်းမိုဟွမ်လွတ်မြောက်ရေးအတွက် ညှိနှိုင်းရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဖိတ်ခေါ်
DVB
·
October 6, 2018
နန်းမိုဟွမ်လွတ်မြောက်ရေးအတွက် ညှိနှိုင်းရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဖိတ်ခေါ်
Donate to DVB

တအာင်းတပ်ဖွဲ့ကဖမ်းဆီးထားတဲ့ နန်းမိုဟွမ်လွတ်မြောက်ရေးအတွက် မိသားစုဝင်နဲ့ ရှမ်း အဖွဲ့အစည်းတွေ  ယူဒဗလျူအက်စ်အေ ‘၀’တပ်ဖွဲ့ဌာနချုပ် ပန်ခမ်းမြို့မှာ လာရောက်ညှိနှိုင်းဖို့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ရဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ FPNCC က ဖိတ်ခေါ်ထားပါတယ်။

နန်းမိုဟွမ်ကိုဖမ်းဆီးထားတဲ့ကိစ္စ FPNCC အနေနဲ့ လေ့လာစုံစမ်းခဲ့ခပြီး မျက်နှာချင်းဆိုင်ညှိနှိုင်းပေးဖို့ ဖိတ်ခေါ်ခဲ့တာလို့  နမ့်ခမ်းရှမ်းလူငယ်ကွန်ရက်အဖွဲ့ ဆက်သွယ်ရေး တာဝန်ခံ စိုင်းသိန်းရွှေက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့စာရေးအကူအညီတောင်းပြီး တစ်လကျော်မှာ FPNCC က သူတို့ ဆောင်ရွက်ပေးမယ့်အကြောင်း အောက်တိုဘာ ၄ ရက်ညနေက အကြောင်းကြားလာပါတယ်။ ကျနော်တို့ဆီကစာရပြီးတဲ့နောက် သူတို့က လေ့လာစုံစမ်းတယ်။ ပြီးတော့ တီအန်အ ယ်လ်အေနဲ့ တွေ့ဆုံညှိနှိုင်းတယ်၊ နန်းမိုဟွမ်ရဲ့ လုံခြံရေးအာမခံချက်ရရှိဖို့၊ တရားမျှတတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဆွေးနွေးဖို့ သူတို့ဌာနချုပ် ပန်ခမ်းကို သွားကြဖို့ ဖိတ်ခေါ်ပါတယ်။၊ ဖိတ်ခေါ်ထားတဲ့အထဲမှာ နန်းမိုဟွမ်ရဲ့အမရယ်၊ နန်းမိုဟွမ်လွတ်မြောက်ရေးတောင်းဆိုခဲ့ကြတဲ့ အဖွဲ့အစည်းကိုယ်စားလှယ်တွေအားလုံး ၁၁ ယောက် ပါပါတယ်။ ဘယ်နေ့ အရောက်လဲလို့တော့မပြောဘူး။ အမြန်ဆုံးဆက်သွယ်ဖို့၊ သွားရေးလာရေး လုံခြုံရေးကိစ္စ အကုန်တာဝန်ယူပေးမယ်လို့လည်း ပြောပါတယ်။  အခုကျနော်တို့ လူစုနေကြပါတယ်။ အနည်းဆုံး ၅ ယောက်တော့ သွားဖြစ်အောင် သွားကြမှာပါ ”

ဒီကိစ္စဖြေရှင်းနေဆဲအချိန်မှာ မလိုလားအပ်တဲ့ နောက်ထပ်ပြဿနာတွေ မဖြစ်စေဖို့ လူမှုအဖွဲ့အစည်းတွေအနေနဲ့ တီအန်အယ်လ်အေအပေါ်မှာ နှုတ်နဲ့ဖြစ်စေ၊ စာနဲ့ဖြစ်စေ အပြန်အလှန်တိုက်ခိုက်တာတွေ  ရပ်စဲပေးဖို့ FPNCC ကမှာကြားထားပါတယ်။

အခုလိုကမ်းလှမ်းလာတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း၊ FPNCC အနေနဲ့ နန်းမိုဟွမ် ပြန်လွတ်ရေးဆောင်ရွက်ပေးနိုင်မယ်လို့ အပြည့်အ၀ယုံကြည်ပြီး အပြန်ခရီးမှာ နန်းမိုဟွမ်ကိုပါ ခေါ်လာနိုင်မယ်လို့ မျှော်လင့်ကြောင်း စိုင်းသိန်းရွှေက ပြောပါတယ်။

FPNCC က ဖိတ်ခေါ်ထားတဲ့ထဲမှာ နန်းမိုဟွမ်ရဲ့အမ နန်းမိုခမ်း၊ မြောက်ပိုင်းဒေသ ရှမ်းသံဃာတော်အဖွဲ့ဥက္ကဋ္ဌ၊ နန့်ခမ်းမြို့ပေါ် ၂၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုယ်စားလှယ်တွေ၊ နမ့် ခမ်းမြို့နယ်ရှိ ကျေးရွာပေါင်း ၄၀ က အုပ်ချုပ်ရေးမှူးကိုယ်စားလှယ်၊ ရှမ်းစာပေယဉ်ကျေးမှုဥက္ကဋ္ဌ၊ နမ့်ခမ်းလူထုညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ နမ့်ခမ်းကျားဖြူပါတီ ဥက္ကဋ္ဌ၊ နမ့်ခမ်းကျားဖြူပါ တီ အမျိုးသမီးရေးရာ ဥက္ကဋ္ဌ၊ နမ့်ခမ်းလူငယ်ကွန်ရက်အဖွဲ့ စသဖြင့် စုစုပေါင်း ၁၁ ဦး ပါဝင်ပါတယ်။

နန်းမိုဟွမ်ရဲ့အမ နန်းမိုခမ်းကလည်း အခုလိုကြားရတဲ့အတွက် FPNCC လူကြီးတွေကို ကျေးဇူးတင်သလို   စိတ်ပူပန်မှုတွေ သက်သာလျော့နည်းသွားကြောင်း၊ ကလေးတွေလည်း သူ တို့အမေကို နေ့စဉ်တမ်းတနေကြောင်း၊ ပန်ခမ်းကို လိုက်သွားနိုင်ဖို့ ပြင်ဆင်နေပြီး ညီမဖြစ်သူကို ကျန်းမာစွာစွာ  ပြန်တွေ့ရမယ်လို့ မျှော်လင့်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

နန်းမိုဟွမ်ဟာ  ကလေး ၃ ယောက်မိခင်ဖြစ်ပြီး  ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်မနက် က သူတို့အိမ်ဆိုင်ရှေ့မှာကျောင်းသွားမယ့် ကလေးတွေကို ထမင်းကျွေးနေစဉ် တီအန်အယ်လ်အေ အဖွဲ့ဝင် ၅ ဦးက သေနတ်နဲ့ ချိန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

နန်းမိုဟွမ်လွတ်မြောက်ရေးအတွက် နမ့်ခမ်းလူမှုအဖွဲ့အစည်း၊ ရှမ်းနိုင်ငံရေးပါတီ၊ ရှမ်းလက်နက်ကိုင်အဖွဲ့၊ ရှမ်းမျိုးနွယ်စုအဖွဲ့၊ ရှမ်းလူငယ်အဖွဲ့၊ တအာင်းသံဃာတော်များ အဖွဲ့တို့က စာရေးတောင်းဆိုထားကြသလို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနကလည်း ကြေညာချက် ထုတ်ပြန် တောင်းဆိုထားပါတယ်။

နန်းမိုဟွမ်လွတ်မြောက်ရေးညှိနှိုင်းနေပေမယ့် FPNCC အဖွဲ့အစည်းထဲမှာ အစိုးရနဲ့ အန်စီအေလက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ ‘၀’၊ မိုင်းလား၊  ကိုးကန့်၊ ကချင်၊ ရှမ်း၊ ရခိုင်နဲ့ တအာင်းပလောင်တို့ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013