DVB Logo
Home
မြန်မာသတင်း
လှိုင်းဘွဲ့ဘိလပ်မြေစက်ရုံစီမံကိန်း ပြည်ထောင်စုအစိုးရခွင့်ပြုချက်လိုအပ်
DVB
·
October 6, 2018
လှိုင်းဘွဲ့ဘိလပ်မြေစက်ရုံစီမံကိန်း ပြည်ထောင်စုအစိုးရခွင့်ပြုချက်လိုအပ်
Donate to DVB

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်း တရက်တန် ၁သောင်းထွက်ရှိမယ့် ဘိလပ်မြေစက်ရုံကို ကရင်ပြည်နယ်အစိုးရက ကန့်ကွက်စရာမရှိပေမယ့် ပြည်ထောင်စု အစိုးရရဲ့ ခွင့်ပြုချက်လိုအပ်တယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက ပြောပါတယ်။

လှိုင်းဘွဲ့မြို့နယ်အတွင်းတည်ဆောက်မယ့် ဘိလပ်မြေစက်ရုံရဲ့ ရင်းနှီးမြုပ်နှံမှု  ပမာဏဟာ ဒေါ်လာသန်း ၃၈ဝ ဖြစ်တာကြောင့် ပြည်ထောင်စုအစိုးက ခွင့်ပြုမှသာရနိုင်မှာ ဖြစ်ပါတယ်။

ဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက “ရင်းနှီးမြုပ်နှံမှု ပမာဏက ဒေါ်လာသန်း ၃၈ဝ ဖြစ်တယ်ပေါ့နော်။ ကျနော်တို့ ပြည်နယ် အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲပိုင်ခွင့်ရှိတာက ဒေါ်လာ ၅သန်းအောက်ပေါ့နော်။ အခုဟာက ဒေါ်လာ သန်း ၃၈ဝ ဆိုတော့ ဒါကို ပြည်ထောင်စုအဆင့်ကပဲ ခွင့်ပြုချက်တွေပေးရမယ်။ ပြည်ထောင်စု အဖွဲ့နဲ့လည်း ညှိနှိုင်းပြီး ဆောင်ရွက်ရမယ်။ ပြည်ထောင်စုကပဲ ခွင့်ပြုပြီး ဒီလုပ်ငန်းကို အကောင် အထည်ဖော်ရမယ်။”လို့ ပြောပါတယ်။

ပြည်နယ်အစိုးရအနေနဲ့ လုပ်ငန်းအကောင်အထည်မဖော်ခင် အောက်ခြေမှာ သက်ဆိုင်ရာ ဘီဂျီအက်ဖ်လက်နက်ကိုင်တပ်ဖွဲ့၊ ဒေသခံတွေနဲ့ ညှိနှိုင်းပြီးဆောင်ရွက်ပြီးဖြစ်သလို  ကိုယ့်ဒေသဖွံ့ဖြိုးဖို့အတွက်လုပ်တာဖြစ်လို့ ကန့်ကွက်စရာမရှိဘူးလို့ပဲထုတ်ပြန်ထားတယ်။

ဒါ့အပြင် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးအပေါ်ထိခိုက်မှုအကဲဖြတ်ချက် EIA/SIA နဲ့ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ပြည်ထောင်စုအဖွဲ့ကပဲဆုံးဖြတ်မှာဖြစ်ပြီး ပြည်ထောင်စုအဆင့်က ခွင့်ပြုမယ်ဆိုရင်တော့ ဘိလပ်မြေစက်ရုံ ဆက်လုပ်ခွင့်ရမယ်လို့ ဗမာတိုင်းရင်းသားရေးရာ ၀န်ကြီးက ပြောပါတယ်။

ဒါ့အပြင် ဘိလပ်မြေစက်ရုံတည်ဆောက်ရာမှာ ကုမ္ပဏီအနေနဲ့ သက်ဆိုင် ငြိမ်းချမ်းရေးအဖွဲ့တွေဖြစ်တဲ့ ဘီဂျီအက်ဖ်၊ ကေအန်ယူနဲ့ ပြည်သူတွေရဲ့ အသံကိုနားထောင်ပြီး လုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။

လှိုင်းဘွဲ့မြို့နယ် ရင်းပိုင်းကျေးရွာမှာ ၁ ရက်ကို တန်ချိန် ၁ သောင်း ထွက်ရှိမယ့် ဘိလပ်မြေစက်ရုံကို ရတနာစိုင်းကောင်းထက်ကျော်ကုမ္ပဏီက တည်ဆောက်မှာဖြစ်ပြီး နောက်ဆုံးပေါ်နည်းပညာနဲ့ တည်ဆောက်မှာဖြစ်တယ်လို့  ကုမ္ပဏီက ပြောပါတယ်။

ဒါ့အပြင် ဘိလပ်မြေအတွက် ထုံးကျောက်ကြိတ်ခွဲစဉ်မှာ ထွက်ရှိတဲ့အပူကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ၁၅ မဂ္ဂါဝပ်ထွက်ရှိမယ့် စက်ရုံကိုပါ ပူးတွဲတည်ဆောက်မှာဖြစ်သလို အဲဒီ လျှပ်စစ်ဓာတ်အားဟာ ဒေသတခုလုံးကို လျှပ်စစ်မီးပေးနိုင်လောက်အောင် လုံလောက်မှာဖြစ်ပါ တယ်လို့ ဆိုပါတယ်။

ဘိလပ်မြေစက်ရုံတည်ဆောက်မှုမှာ ဒေသခံ ၅ဝဝဝ လောက်ကိုပါ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ်လို့ ကုမ္ပဏီ တာဝန်ရှိသူက ပြောပါတယ်။

ဒေသခံရွာသားတွေအနေနဲ့ကလည်း ဘိလပ်မြေစက်ရုံတည်ဆောက်ရာမှာ ပွင့်လင်းမြင်သာမှုတွေရှိပြီး ဒေသဖွံ့ဖြိုးလာမယ်ဆိုရင် ကန့်ကွက်စရာ မရှိကြောင်း စက်တင်ဘာ ၃ဝ ရက်က  လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013