DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် ၈ လအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၁၂ဝ ဦးထိရှိလာ
DVB
·
October 6, 2018
ရခိုင်ပြည်နယ်တွင် ၈ လအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၁၂ဝ ဦးထိရှိလာ
Donate to DVB

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့  ၈ လတာအတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ပေါင်း  ၁၂၀ ဦးထိရှိနေပြီး အရင်နှစ်ကထက် သေဆုံးသူဦးရေ ပိုတိုးလာတယ်လို့ ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့က ပြောပါတယ်။

ရခိုင်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူက “ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ ဒီနှစ် ၈ လတာအတွင်း ယာဉ်တိုက်မှုပေါင်း ၂၉၃ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ ၄၅၆ ယောက်နဲ့ သေဆုံးသူ အယောက် ၁၂၀ ရှိခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်ကထက် သေဆုံးသူ ၂၈ ယောက် ပိုလာသလို ဒဏ်ရာရသူတွေနဲ့ ယာဉ်မတော်တဆမှုတွေ ပိုများလာတယ်”လို့ ပြောပါတယ်။

ဒီလိုယာဉ်မတော်တဆကြောင့် သေဆုံးဒဏ်ရာရတာဟာ သံတွဲမြို့နယ်၊ တောင်ကုတ် မြို့နယ်နဲ့ စစ်တွေမြို့နယ်တွေမှာအများဆုံး ဖြစ်ပွားခဲ့ပြီး အရက်သေစာသောက်စား မူးယစ်မောင်းတာတွေ၊ အရှိန်ပြင်းမောင်းနှင်တာတွေကြောင့် ယာဉ်တိုက်မှုတွေဖြစ်ပွားပြီး သေဆုံးတာတွေ ပိုများလာတာလို့ ဆိုပါတယ်။

ယာဉ်တိုက်မှုတွေလျှော့ကျစေဖို့ အသိပညာပေးတာတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပေမယ့် ပြည်သူလူထုတွေအနေနဲ့ လိုက်နာမှု အားနည်းနေတာကြောင့် အခုလို ယာဉ်မတော်တဆမှုတွေ မြင့်တက်လာတာလို့လည်း ဆိုပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာ အခုလိုယာဉ်တိုက်မှု ပိုမိုမြင့်တက်လာတာဟာ ဆိုင်ကယ်တွေကားတွေ စည်းမဲ့ကမ်းမဲ့ မောင်းနှင်တာတွေကြောင့် အသက်ဆုံးရှုံးမှုတွေ များပြားလာရတယ်လို့ ပြည်နယ်ယာဉ်ထိန်း တပ်ဖွဲ့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013