DVB Logo
Home
မြန်မာသတင်း
သာပေါင်းတွင် သတ်ဖြတ်ပြီး အရေခွံခွာထားခံရသည့် တောဆင်ရိုင်းတကောင်တွေ့
DVB
·
October 6, 2018
သာပေါင်းတွင် သတ်ဖြတ်ပြီး အရေခွံခွာထားခံရသည့် တောဆင်ရိုင်းတကောင်တွေ့
Donate to DVB

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ ကြိမ်တလီသစ်တော ကြိုးဝိုင်းထဲမှာ အောက်တိုဘာ ၄ ရက်နေ့က သတ်ဖြတ်ခံထားရတဲ့ တောဆင်ရိုင်းတစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်။

တောဆင်ရိုင်းအသေကို ကြိမ်တလီသစ်တောကြိုးဝိုင်း၊ အကွက်အမှတ် (၂၂၅)၊ မီးလောင်ချောင်းအနီးမှာ ဒေသခံတွေက စတင်တွေ့ရှိခဲ့ပြီး တာဝန်ရှိသူတွေထံ သတင်းပို့ခဲ့ တာဖြစ်ပါတယ်။

ကြိမ်တလီသစ်တောကြိုးဝိုင်းအနီးရှိ မရမ်းချိုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက  “ဆင်ကအရေခွံတွေမရှိတော့ဘူး၊ ကြာပြီထင်တယ်။ အပုပ်နံက တော်တော်ထွက်နေတာ၊ အနားကပ်လို့မရဘူး၊ ဆင်ကတော့အထီး ဖြစ်ဖို့များတယ်၊ အစွယ်ပါတဲ့ဆင်မျိုး တော့မဟုတ်ပါဘူး၊ တာဝန်ရှိသူ တွေကတော့ ဆင်သတ်တဲ့မုဆိုးတွေ နောက်လိုက်နေတယ်”လို့ ပြောပါတယ်။

တောဆင်ရိုင်းအသေကိုတွေ့ရှိချိန်မှာ ပုပ်ပွပြီးအနံဆိုးမတွေထွက်နေတာကြောင့် နယ်မြေခံ ရဲတပ်ဖွဲ့နဲ့ သစ်တောဦးစီးဌာနဝန်ထမ်းတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေက နေ့ချင်းမီးရှို့ ဖျက်ဆီးခဲ့ပါတယ်။

သာပေါင်းမြို့နယ်မှာ အခုလိုတောဆင်ရိုင်း အသတ်ခံရမှုက ဒုတိယအကြိမ်ဖြစ်ပြီး ၂ဝ၁၈ မေလကလည်း သာပေါင်းမြို့နယ်၊ ဘောမိသစ်တောကြိုးဝိုင်းအပြင်ဘက် ဆင်သေချောင်းနားမှာ စွယ်စုံတောဆင်ရိုင်း တစ်ကောင် သတ်ဖြတ်ခံခဲ့ရပါတယ်။

မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013