DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်း ၁၈ ခုအနက် ၁ခု ပိတ်သိမ်း
DVB
·
October 5, 2018
ရခိုင်ပြည်နယ်ရှိ  ဒုက္ခသည်စခန်း ၁၈ ခုအနက်  ၁ခု ပိတ်သိမ်း
Donate to DVB

ရခိုင်ပြည်နယ်မှာဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်း ၁၈ ခုအနက် ၁ ခုကိုပိတ်သိမ်းပြီး ကျန်စခန်းတွေပိတ်သိမ်းဖို့ စနစ်တကျ ဆက်လက်လုပ်ဆောင်နေတယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ကော်မတီရဲ့ ၂ဝ၁၈ ခုနှစ် မေလကနေ သြဂုတ်လအထိ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ စပ်လျဉ်းတဲ့ ပြည်သူသို့ အစီရင်ခံစာအရ ကျောက်တော်၊ နိဒင်ဒုက္ခသည်စခန်းကို ပိတ်သိမ်း ခဲ့တာ ဖြစ်ပါတယ်။

စစ်တွေမြို့နယ်မှာ ဒုက္ခသည်စခန်း (၁၂) ခု၊ ပေါက်တောမြို့နယ်မှာ (၄)ခု၊ မြေပုံမြို့နယ်မှာ (၁)ခု၊ ကျောက်ဖြူမြို့နယ်မှာ (၁) ခု စုစုပေါင်း (၁၈)ခု ဖွင့်လှစ်ထားတာပါ။

မြေပုံမြို့နယ်ရှိ တောင်ပေါ်ဒုက္ခသည် စခန်းကို ပိတ်သိမ်းနေပြီး စစ်တွေမြို့နယ်ရှိ သက္ကယ်ပြင် စခန်း၊ ခေါင်းဒုက္ခာ (၁) နဲ့ (၂) စခန်း၊ ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံး IDP စခန်းတွေ ပိတ်သိမ်းနိုင်ဖို့  ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းရေးကို ဆောင်ရွက်နေရာမှာ မြေပုံမြို့၊ တောင်ပေါ်စခန်းမှာ နေသူတွေကို ပြန်လည်နေရာချထားဖို့အတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာန ရန်ပုံငွေနဲ့  နေအိမ်အလုံး ၁ဝဝ ကို ဆောက်လုပ်နေရာချထားပေးပြီး ဖြစ်ပါတယ်။

အဲ့ဒီစခန်းမှာ နေအိမ်အလုံး ၁ဝဝ ထပ်မံ ဆောက်လုပ်နေပြီး  စခန်းတွေပိတ်သိမ်းရာမှာ စနစ်တကျဆောင်ရွက်နိုင်ဖို့ စခန်းများပိတ်သိမ်းရေး မဟာဗျူဟာစီမံချက်(မူကြမ်း) ရေးဆွဲနေ တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013