DVB Logo
Home
မြန်မာသတင်း
ရဲအုပ်ချစ်ကိုကိုကို တရားလိုတိုင်တန်းချက် ဥပဒေနှင့်မညီသဖြင့် ရှေ့နေကန့်ကွက်  
DVB
·
October 5, 2018
ရဲအုပ်ချစ်ကိုကိုကို တရားလိုတိုင်တန်းချက် ဥပဒေနှင့်မညီသဖြင့် ရှေ့နေကန့်ကွက်  
Donate to DVB

သရုပ်ဆောင်အောင်ရဲထွေးသေဆုံးမှုနဲ့ပတ်သက်ပြီး အဂတိလိုက်စား တိုက်ဖျက်ရေး အက်ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုခံထားတဲ့ ရဲအုပ်ချစ်ကိုကိုကို တရားလိုဘက်က တိုင်တန်းရာမှာ ဥပဒေနဲ့ မညီဘူးဆိုပြီး  သူ့ရဲ့ ရှေ့နေက ကန့်ကွက်လိုက်ပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့က ရဲအုပ်ချစ်ကိုကိုကို တရားရုံးထုတ်လာပြီး တရားရုံးမှာ တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးမိုးနိုင်ကို စတင် စစ်ဆေးခဲ့ပါတယ်။

အဲ့လိုစစ်ဆေးရာမှာ တရားလိုဘက်က ရဲစခန်းကနဦးတိုင်တန်းချက်ကို သက်သေခံ အဖြစ်တင်သွင်းခဲ့ရာမှာ တိုင်တန်းချက်ဟာ သက်သေခံဥပဒေ ၂၅၊ ၂၆၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၂ အရလည်းကောင်း၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၅၄ အရ အရလည်းကောင်း မညီညွတ်တဲ့အတွက် စွပ်စွဲခံရသူဘက်က လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေက ကန့်ကွက်ခဲ့ပါ တယ်။

အခုလိုကန့်ကွက်တာနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးတရားလွှတ်တော်မှာ လာမယ့် အောက်တိုဘာ ၁၂ ရက်မှာ နှစ်ဖက်ရှေ့နေတွေရှေ့မှောက်မှာ ကြားနားမှာဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သတ်ပြီး တရားစွဲတဲ့ဘက်က သက်သေအဖြစ် ၁၈ ယောက် တင်သွင်းထား တယ်လို့လည်း သိရပါတယ်။

အောင်ကိုထွေးအမှုမှာ ရန်ကုန်တိုင်း ဥပဒေအရာရှိချုပ် ဦးဟန်ထူးက သိန်း ၁၅၀၊ ဘလူးလေဘယ်လ်အရက်တစ်လုံးနဲ့ အင်္ကျီတစ်ထည်၊ ဒုခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေးက ကျပ်သိန်း၁၃၀နဲ့  ဂိုးလေဘယ်လ် အရက် တစ်လုံး၊ ဒုခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်က ကျပ်သိန်း ၃၀နဲ့ ပါတိတ်လုံခြည်တစ်ထည်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ဒုခရိုင်တရား သူကြီး ဦးအောင်ကြည်ကကျပ်သိန်း ၃၀၀၊ ရဲအုပ်ချစ်ကိုကိုက ကျပ်သိန်း ၃၀၊ တိုင်းဥပဒေ အရာရှိဦးသိန်းဇော်က ကျပ်သိန်း ၅၀

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013