DVB Logo
Home
မြန်မာသတင်း
ဦးကိုနီအသတ်ခံရမှုတွင် အောင်ဝင်းခိုင်ကို မဖမ်းမိသေးသဖြင့် အမှုကွင်းဆက်ပြတ်နေ
DVB
·
October 5, 2018
ဦးကိုနီအသတ်ခံရမှုတွင် အောင်ဝင်းခိုင်ကို မဖမ်းမိသေးသဖြင့် အမှုကွင်းဆက်ပြတ်နေ
Donate to DVB

ရှေ့နေဦးကိုနီလုပ်ကြံခံရတဲ့အမှုမှာ အဓိကတရားခံအဖြစ် စွပ်စွဲခံနေရပြီး ထွက်ပြေး လွတ်မြောက်နေတဲ့ အောင်ဝင်းခိုင်ကို မဖမ်းမိသေးတာကြောင့် အမှုစစ်ဆေးမှုမှာ ကွင်းဆက်ပြတ်နေတယ်လို့ ကိုအောင်ဝင်းဇော်နဲ့ ကိုအောင်ဝင်းထွန်းတို့ရှေ့နေ ဦးအောင်ခိုင်က ပြောပါတယ်။

အောက်တိုဘာလ ၄ ရက်မှာ ဒီအမှုနဲ့ပတ်သက်ပြီး စွဲချက်တင်ထားတဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ကို မြောက်ပိုင်းခရိုင်တရားရုံးမှာ အကြိမ် ၈၀ မြောက် ရုံးထုတ်စစ်ဆေးမှုအပြီး ပြောဆိုခဲ့တာပါ။

အဲဒီရုံးထုတ်စစ်ဆေးမှုမှာ အောင်ဝင်းဇော်အတွက် တရားခံပြသက်သေ ၂ ဦးနဲ့ အောင်ဝင်းထွန်းအတွက် တရားခံပြသက်သေ ၁ ဦး စုစုပေါင်း တရားခံပြသက်သေ ၃ ဦးကို စစ်ဆေးခဲ့ပါတယ်။

အောင်ဝင်းဇော်ရဲ့ တရားခံပြသက်သေအဖြစ် သူ့အမအကြီးဆုံးဒေါ်သန်းသန်းဝင်းက လာရောက်အစစ်ခံခဲ့ပြီး အောင်ဝင်းဇော်ကို အောင်ဝင်းခိုင်ကခေါ်လို့ လေဆိပ်ကို သွားတာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

အောက်တိုဘာ ၅ ရက်နေ့မှာတော့ အောင်ဝင်းထွန်းအတွက် တရားခံပြ သက်သေတွေကို ဆက်လက် စစ်ဆေးသွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013