DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့တိရစ္ဆာန်များနေ့ အခမ်းအနား နေပြည်တော်တွင် ကျင်းပ
DVB
·
October 4, 2018
ကမ္ဘာ့တိရစ္ဆာန်များနေ့ အခမ်းအနား နေပြည်တော်တွင် ကျင်းပ
1 / 10
Donate to DVB

အောက်တိုဘာ ၄ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့တိရစ္ဆာန်များနေ့အခမ်းအနားကို နေပြည်တော်တိရစ္ဆာန်ဥယျာဉ်မှာ ၁၀ ကြိမ်မြောက် ကျင်းပပါတယ်။

ဒီအခမ်းအနားမှာ တိရစ္ဆာန်ဥယျာဉ်သို့လာရောက်သူတွေကို လက်ဆောင်ပစ္စည်းပေးတာတွေနဲ့ မျိုးသုဉ်းပျောက်ကွယ်တော့မယ့်  အန္တရာယ်ရောက်နေတဲ့ တောရိုင်း တိရစ္ဆာန်တွေကို ထိန်းသိမ်းကာကွယ်တက်စေဖို့နဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ချစ်ခင်နှစ်သက်တတ် စေဖို့ ဟောပြောပွဲတွေလည်း ပြုလုပ်ခဲ့ပါတယ်။

ဥယျာဉ်အတွင်းက တိရစ္ဆာန်တွေကိုတော့ ချုပ်နှောင်ထားတာမျိုးမလုပ်ဘဲ လွတ်လပ် ပေါ့ပါးစွာ နေထိုင်သွားလာနိုင်စေဖို့အတွက် ကွင်းပြင်ကျယ်မှာ လွှတ်ပေးထားတယ်လို့လည်း ဆိုပါတယ်။

ဈေးကွက်မြှင့်တင်ရေး တာဝန်ခံ ကိုပြည့်ဖြိုးအောင်က "ဒီနေ့ကမ္ဘာ့တိရစ္ဆာန်များနေ့မှာ တိရစ္ဆာန်တွေကို သဘာဝအတိုင်း လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနေထိုင်နိုင် အောင် လုပ်ဆောင်ပေးထားပါတယ်။ တိရစ္ဆာန်ဆိုတာ တောရိုင်း တိရစ္ဆာန်တွေမှ မဟုတ်ပါဘူး။ အိမ်မွေး တိရစ္ဆာန်တွေပါ သနားကြင်နာတတ်အောင် ဂရုစိုက် တတ်အောင် ဟောပြောပေး တာဖြစ်ပါတယ်။ ဒီလိုဟောပြော ခြင်းအားဖြင့် တိရစ္ဆာန်ဥယျာဉ်ကို လာတဲ့သူတွေက တောရိုင်း တိရစ္ဆာန်တွေဟာ မျိုးသုဉ်းပျောက်ကွယ်တော့မှာပါလား၊ ဒီလို အန္တရာယ်ကျရောက်နေ ပါလားဆိုတဲ့အသိ ၀င်သွားတာပေါ့"လို့ ပြောပါတယ်။

၂၀၀၈ ခုနှစ်မှာ စတင်ဖွင်လှစ်ခဲ့တဲ့ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်မှာ ကမ္ဘာ့ တိရစ္ဆာန်များနေ့ အခမ်းအနားကို ၂၀၀၉ ခုနှစ်မှစတင်ကာ ပြုလုပ်ခဲ့ပြီး အခုနှစ်မှာတော့၁၀ကြိမ်ရှိပြီ ဖြစ်ပါတယ်။

တိရစ္ဆာန်ဥယျာဉ်မှာတော့ ပြည်ပကတင်သွင်းထားတဲ့ ရှားပါးမျိုးစိတ်ဝင် ခြင်္သေ့ဖြူ၊ ကျားဖြူ၊ ကြံ၊ ရေမြင်း၊ သစ်ကုလားအုပ်နဲ့ ပင်ဂွင်းငှက်တွေကို ပြသထားသလို ပြည်တွင်းမျိုးစိတ်ဖြစ်တဲ့ နွားနောက်၊ ရွှေသမင်နဲ့ ပန်ဒါနီတွေကိုလည်း ပြသထားပါတယ်။

ဒါ့အပြင် နို့တိုက်သတ္တ၀ါ ၃၈ မျိုး၊ အကောင်ရေ ၃၅၄ ကောင်၊ တွားသွားသတ္တ၀ါ ၃၅ မျိုး အကောင်ရေ ၃၁၉ ကောင်၊ ကျေး ငှက်သတ္တ၀ါ ၉ မျိုး အကောင်ရေ ၆၇ ကောင် ပြသထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013