DVB Logo
Home
မြန်မာသတင်း
ဘီးလင်းတွင် ငွေအတုကိစ္စ ဖေ့စ်ဘွတ်ခ် LIVE လွှင့်သူကို ဆက်သွယ်ရေးဥပဒေဖြင့်အမှုဖွင့်
DVB
·
October 4, 2018
ဘီးလင်းတွင် ငွေအတုကိစ္စ ဖေ့စ်ဘွတ်ခ် LIVE လွှင့်သူကို ဆက်သွယ်ရေးဥပဒေဖြင့်အမှုဖွင့်
Donate to DVB

မွန်ပြည်နယ်၊ ဘီးလင်းမြို့မှာ ငွေစက္ကူအတု ၃ ရွက်တွေ့ရှိမှုနဲ့ပတ်သက်ပြီး လူမှု ကွန်ရက်ပေါ်မှာ မဟုတ်မမှန်ပြောဆို Live လွှင့်သူကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့   အမှုဖွင့် အရေးယူထားတယ်လို့ ပြည်ထဲရေး သတင်းမှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၂ ရက်က ဘီးလင်းမြို့နေ ဒေါ်နွယ်နွယ်သင်းယုဝေဆိုသူဟာ ဘီးလင်းက ဧရာဝတီဘဏ်ခွဲမှာ သူတို့ ငွေသွားထုတ်တုန်း ငွေကျပ် ၁၀၀၀၀ တန် ငွေစက္ကူ ၃ ရွက် ပါလာတယ်။

ဒီငွေစက္ကူ ၃ ရွက်ကို ဘဏ်ဝန်ထမ်းတွေက ထည့်ပေးလိုက်တာ ဖြစ်တယ်ဆိုပြီး ဘီလင်းက  ဧရာဝတီဘဏ်ခွဲရှေ့ ကနေ ဖေ့စ်ဘွတ်ခ်မှာ LIVE လွှင့်ခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာက စုံစမ်းရာမှာ အောက်တိုဘာ ၂ ရက်နေ့က ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်ရှိ ဧရာဝတီဘဏ်ခွဲကို ဒေါ်အိသဉ္ဇာလှိုင် ဆိုသူရောက်လာပြီး ငွေအပ်တယ်၊ ငွေကျပ် ၂၀၀ သိန်းကို ငွေစာရင်းဖွင့်လှစ် အပ်နှံစဉ် ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၃ ရွက်ပါရှိလာလို့  ဘဏ်အကြီးတန်းလက်ထောက်ငွေကြေး တာဝန်ခံ မအိအိကျော်က ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်အတိုင်း ဒေါ်အိသဉ္ဇာလှိုင်ကို ရှင်းလင်းပြောဆိုခဲ့ပြီး ဘီးလင်းမြို့မရဲစခန်းထံ ငွေအတုတွေ သွားရောက်အပ်နှံခဲ့တယ်လို့ စစ်ဆေးတွေ့ရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အိသဉ္ဇာလှိုင်ရဲ့ ညီမဝမ်းကွဲ ဒေါ်နွယ်နွယ်သင်းယုဝေက အဲ့ဒီနေ့မှာ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်ကနေ "ဧရာဝတီဘဏ်လီမိတက် (ဘီးလင်းဘဏ်ခွဲ)ရှိ ဘဏ်ဝန်ထမ်း ၁ ဦးက ငွေအတုထည့်တာကို ဘဏ်ရဲ့ CCTV မှတ်တမ်းမှာ တွေ့မြင်ရပြီး သူ့ အစ်မဖြစ်သူကိုလည်း ဘဏ်က  ခြိမ်းခြောက်ပြောဆိုတယ်”လို့ Live လွှင့်ခဲ့တယ်လို့ဆိုပါတယ်။

ဂုဏ်သိက္ခာကျဆင်းအောင် လူမှုကွန်ရက်ပေါ်မှာ ဒီလိုမျိုး မဟုတ်မမှန် ပြောဆို Live လွှင့်ခဲ့တာကို အရေးယူပေးဖို့  ဘဏ်အကြီးတန်း လက်ထောက်ငွေကြေးတာဝန်ခံ မအိအိကျော် က တိုင်တန်းလို့ ဒေါ်နွယ်နွယ်သင်းယုဝေ(ဖမ်းမမိ)ကို ဘီးလင်း မြို့မရဲစခန်းမှာ  ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

ငွေစက္ကူအတုတွေကို ပဏာမစိစစ်ခဲ့ရာမှာ စက္ကူသားချောနေတာ၊ လျှို့ဝှက်ချက်တွေ မပါတာနဲ့ ကာလာပရင်တာနည်းနဲ့ တုပပြုလုပ်ထားတာ ရှာဖွေတွေ့ရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013