DVB Logo
Home
မြန်မာသတင်း
တလုတ္ထော်ရွာအုပ်ချုပ်ရေးမှူးကို ဖယ်ရှားခဲ့သည့်အပေါ် ရွာသား ၅၀၀ ခန့်ကန့်ကွက်ဆန္ဒပြ
DVB
·
October 4, 2018
တလုတ္ထော်ရွာအုပ်ချုပ်ရေးမှူးကို ဖယ်ရှားခဲ့သည့်အပေါ် ရွာသား ၅၀၀ ခန့်ကန့်ကွက်ဆန္ဒပြ
Donate to DVB

ဧရာဝတီတိုင်း​ဒေသကြီး၊ ဟင်္သာတမြို့နယ်၊ တလုတ္ထော် ကျေးရွာအုပ်ချုပ်ရေးမှူးကို ဥပဒေနဲ့မညီပဲ တာဝန်မှဖယ်ရှားခဲ့တဲ့အပေါ် မကျေနပ်လို့ ရွာသူရွာသား ၅၀၀ လောက်က ဟင်္သာတမြို့မှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။

တလု​တ္တော်​​ကျေးရွာအုပ်​စု အုပ်ချုပ်ရေးမှူး ဦးသန်းဦးကို ရိုးရာဦးရှင်​ကြီးပွဲ​တော်​မှ ရရှိ​တဲ့ ရန်​ပုံ​ငွေတွေကို ကျေးရွာမှာရှိတဲ့ တဦးတယောက်​ကိုမှ မတိုင်​ပင်​ပဲ အလွဲသုံးစားပြုလုပ်​တယ် ဆိုတဲ့ တိုင်​တန်းချက်​၄ချက်နဲ့ ဟင်္သာတမြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦးသန်းနိုင်​က တာဝန်​မှရပ်​စဲပြီး ဦးကံလှိုင်​ကို ယာယီအုပ်​ချုပ်​​ရေးမှူးအဖြစ်​ တင်​​မြောက်​ခဲ့တာပါ။

ဒီကိစ္စ ကျေနပ်​မှုမရှိတာကြောင့် ဆန္ဒထုတ်​​ဖော်​ရတာဖြစ်တယ်လို့ ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ တလုတ္ထောကျေးရွာအုပ်စု ဘောကုန်းရွာနေ ဦးစိန်ဝင်းကပြောပါတယ်။

“တိတိကျကျမှန်မှန်ကန်ကန်လုပ်နေတဲ့ အုပ်ချုပ်ရေးမှူးကို ဖြုတ်ချခဲ့တဲ့အတွက် ရွာအတွက် နစ်နာပါတယ်။ ဖြုတ်ချတဲ့ကိစ္စက ငွေရေးကြေးရေးအလွဲသုံးစားမှုနဲ့ ဖြုတ်ချခဲ့တာဖြစ်ပါတယ်။ ငွေကိစ္စမှာ အုပ်ချုပ်ရေးမှူးနဲ့ မပတ်သက်ပါဘူး။ ရွာအပေါ် ရပ်အပေါ်မှာ ဘက်မလိုက်ပဲ အုပ်ချုပ်ခဲ့ တဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပါတယ်။ သူ့ကိုဖြုတ်ချလိုက်တဲ့အတွက် ပြည်သူကကျေနပ်မှုမရှိပါဘူး”

ဦးသန်းဦးအပေါ် စွပ်​စွဲချက်​တွေဟာ လုံးဝမှန်​ကန်​မှုမရှိ​ကြောင်းကို ​ကျေးရွာ​နေပြည်​သူတွေ အားလုံးအသိဖြစ်​တဲ့အတွက် ဧရာဝတီတိုင်း​ဒေသကြီး လွှတ်​​တော်​ကို ကျေးရွာနေပြည်သူတွေက လက်​မှတ်​ထိုး ဆက်လက်တင်​ပြထားတယ်လို့ သိရပါတယ်။

ဟင်္သာတ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းနိုင်က “ကျနော်တဦးထဲဆန္ဒနဲ့ လုပ်တာ မဟုတ်ပါဘူး။ အဖွဲ့အစည်းအဆင့်ဆင့်နဲ့ ဆုံးဖြတ်ပြီး လုပ်တာပါ။ သူတို့မကျေနပ်ရင် ပြန်တိုင်လို့ ရပါတယ်။ တရားစွဲလို့ရတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူဆိုတာ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ခြေလက်တွေပါ အငြိုးအတေး မရှိပါဘူး”လို့ ပြောပါတယ်။

ဆန္ဒဖော်ထုတ်သူတွေဟာ ပြည်​သူ့ဆန္ဒဆန့်​ကျင်​ပြီး ဥပ​ဒေမဲ့​ဆောင်​ရွက်​​နေသူ ဟင်္သာတ မြို့နယ်​အုပ်​ချုပ်​​ရေးမှူးရဲ့ လုပ်​ရပ်​ အလိုမရှိ၊ မမှန်​သတင်း​ပေးတိုင်​ကြားသူတွေကို ​ဖော်​ထုတ်​ အ​ရေးယူ​ပေး​ရေး၊ ဥပ​ဒေနှင့်အညီ​ အများဆန္ဒနဲ့ ရွေးချယ်​ထား​တဲ့ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦးသန်းဦးကို ပြန်​လည်​ခန့်​အပ်​​ပေး​ရေး စတာတွေ ကြွေး​ကြော်​ပြီး ဟင်္သာတမြို့အနှံလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013