DVB Logo
Home
မြန်မာသတင်း
ကချင်ကောက်သစ်စား မနောင်ပွဲတော် ကျင်းပမည့် အစီအစဉ်ရပ်ဆိုင်း
DVB
·
October 4, 2018
ကချင်ကောက်သစ်စား မနောင်ပွဲတော် ကျင်းပမည့် အစီအစဉ်ရပ်ဆိုင်း
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ကောက်သစ်စား မနောင်ပွဲတော် အခုနှစ် ကျင်းပမယ့် အစီအစဉ်ကို ကချင်ရိုးရာ ယဉ်ကျေးမှုအသင်းက အများသဘောတူ ရပ်ဆိုင်းထားလိုက်ပါတယ်။    

လာမယ့် နိုဝင်ဘာလလယ်ပိုင်းလောက်မှာ ကောက်သစ်စား မနောင်ပွဲတော်ကျင်းပဖို့ အစီအစဉ်အပေါ် ကချင်မျိုးနွယ်အသီးသီးမှ ကိုယ်စားလှယ်တွေရဲ့သဘောထားရယူပွဲကို အောက်တိုဘာ ၃ ရက်က မြစ်ကြီးနားမြို့ စီတာပူမနောင်ဝင်း  မနောအိမ်တော်မှာ ပြုလုပ်ခဲ့ရာမှာ တက်ရောက်လာသူ အများစုရဲ့ ဆွေးနွေးဆုံးဖြတ်ချက်အရ ရပ်ဆိုင်းလိုက်တာပါ။

ကချင်ရိုးရာ ယဉ်ကျေးမှုအသင်း ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးထုံဖူးဒဂုဏ်က “အဖြေက လေး ခုထွက်တယ်၊ တချို့က ရပ်ဆိုင်းဖို့၊ ၊ တချို့က မနောင်ပွဲ မပါဘဲ ကောက်သစ်စားပွဲ လုပ်ဖို့ပြောတယ်။ တချို့ကတော့ ဆက်လုပ်ဖို့ပြောတယ်။  လုပ်ခြင်း မလုပ်ခြင်းရဲ့ အကျိုးအပြစ်တွေကို ဆွေးနွေးကြတယ်။ နောက်ဆုံး ဆန္ဒမဲ ကောက်ယူတော့ ၉၀ ရာခိုင်နှုန်း ကျော်က ရပ်နားလိုက်ဖို့ သဘောထားပေးကြတော့ မနောင်ပွဲကျင်းပမယ့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်တာပါ”လို့ ပြောပါတယ်။

မြစ်ကြီးနားမှာကောက်သစ်စားမနောင်ပွဲတော် ကျင်းပမယ်ဆိုတဲ့ ကိစ္စကို အွန်းလိုင်းကနေ ဝေဖန်ပြောဆိုတာတွေလည်းရှိပါတယ်။ အိုင်ဒီပီ စစ်ဘေးရှောင်ဒုက္ခသည်တွေအရေးနဲ့၊ အိုင်စီစီကိစ္စတွေအပြင် လူထုဆန္ဒမယူဘဲ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ပြောဆို ဝေဖန်ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲကို ကချင်မျိုးနွယ် ဇိုင်ဝါး၊ လော်ဝေါ်၊ လချိတ်၊ လီဆူနဲ့ ရဝမ်စတဲ့ ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့တွေက ဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးတွေ ပါဝင်တဲ့ ကိုယ်စားလှယ်စုစုပေါင်း ၃၀ ကျော် တက်ရောက်ဆွေးနွေး သဘောထားပေးခဲ့ကြပါတယ်။

ကချင်ပြည်နယ်မှာတော့ ၁၉၇၄ ခုနှစ်လောက်ကနေစပြီး ကောက်သစ်စားပွဲတော် မနောင်ပွဲတော်ကို မကျင်းပဖြစ်ခဲ့ဖူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013