DVB Logo
Home
မြန်မာသတင်း
ဒေါ်လာ ၁ သန်းကျော်တန်ဖိုးရှိ ဆင်စွယ်နှင့် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများ မီးရှို့ဖျက်ဆီး
DVB
·
October 4, 2018
ဒေါ်လာ ၁ သန်းကျော်တန်ဖိုးရှိ ဆင်စွယ်နှင့် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများ မီးရှို့ဖျက်ဆီး
1 / 6
Donate to DVB

ဖမ်းဆီးရမိတဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း တန်ဖိုးရှိ ဆင်စွယ်တွေ၊ ဆင်အစိတ်အပိုင်းနဲ့ တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းတွေကို မြန်မာနိုင်ငံမှာ ပထဆုံးအကြိမ် မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

အောက်တိုဘာ ၄ ရက်က နေပြည်တော်မှာရှိတဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာရုံးမှာ ဖမ်းဆီးရမိတဲ့ တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းတွေကို အခမ်းအနား နဲ့ မီးရှို့ဖျက်ဆီးလိုက်တာပါ။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက “မြန်မာနိုင်ငံ အတွင်းမှာ ဆင်နဲ့ ကျားကဲ့သို့ ရှားပါး တိရစ္ဆာန်တွေအပါအ၀င် တောရိုင်းတိရစ္ဆာန်တွေကို တရားမ၀င် အမဲလိုက်သတ်ဖြတ်မှုများ၊ တရားမ၀င် ကူးသန်းရောင်းဝယ်မှုများ ပြုလုပ်ကျူးလွန်နေ တာဟာတစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလုပ်ဆောင်လာတာကို တွေ့ရပါတယ်။ မီးရှို့ ဖျက်ဆီးတဲ့ အစိတ်အပိုင်းတွေဟာဆိုရင်လဲ နှစ်စဉ်ဖမ်းဆီးရမိတဲ့ တရားမ၀င် အမဲလိုက်ခြင်း၊ ကူးသန်းရောင်းဝယ်ခြင်းတွေကနေ သိမ်းဆည်းရမိခဲ့တဲ့ ပစ္စည်းတွေဖြစ်ပြီး သစ်တောဦးစီး ဌာနက နေပြည်တော်နဲ့ ရန်ကုန်တိုင်းဒေသကြီးတွေက စုစည်းထိန်းသိမ်းရရှိတဲ့ အထဲက ခွဲခြားထုတ်နှုတ်ပြီး ပထမအကြိမ်အနေနဲ့ မီးရှို့ဖျက်ဆီးတာဖြစ်ပါတယ်”လို့ ပြောပါတယ်။

မီးရှို့ဖျက်ဆီးရာမှာ  ဆင်စွယ် (၂၇၇) ချောင်း၊ ဆင်အရိုးနဲ့ တိရစ္ဆာန်အရိုးမျိုးစုံ (၂၂၇) ချောင်း၊ တိရစ္ဆာန်သားရေမျိုးစုံ (၄၅)ချပ်၊ တိရစ္ဆာန်ဦးချိုမျိုးစုံ (၁၅၄၄) ချောင်း၊ သင်းခွေချပ် အကြေးခွံ (၄၅ ဒသမ ၅)ကီလိုဂရမ်နဲ့ အခြား တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းမျိုးစုံ (၁၂၈) ခု ပါဝင်တယ်လို့ သိရပါတယ်။

ဆင်ရဲ့ အဆွယ်ရရှိရေးအတွက် သတ်ဖြတ်မှုတွေမှာကတော့ ၂၀၁၀ ခုနှစ်မှာ တစ်ကောင်သာ သတ်ဖြတ်ခံခဲ့ရပြီး ၂၀၁၃ ခုနှစ်နောက်ပိုင်း တဖြည်းဖြည်းတိုးပွားဖြစ်ပွားခဲ့ရာမှာ ၁၃ ကောင်ကနေ ၁၅ ကောင်ရေအထိ သတ်ဖြတ်ခံရမှုဖြစ်တွေ ဖြစ်ပေါ်ခဲ့တယ်လို့ သစ်တောဦးစီးဌာနက သိရပါတယ်။

“အခုစုစုပေါင်း ဆင်အသတ်ခံရတာတင် ၁၀၈ ကောင်လောက်ရှိတယ်။ သေဆုံးတယ်လို့ ဆင်သေတွေ့ရတာ ၁၀၀ ကျော်တယ်။ စုစုပေါင်း ၂၁၃ ကောင်ရှိတယ်။ ဓမ္မတာအရ သေတာရှိ သလို၊ တချို့ကျတော့ အဆိပ်မိပြီးသေတာရှိတယ်။ ကျနော်တို့မှာ ဆင်တွေ သတ်ခံရတာ အခုဆိုရင် ပျမ်းမျှ ပြန်ကြည့်လိုက်ရင် တစ်ပတ်ကို မြန်မာနိုင်ငံမှာ ဆင်တစ်ကောင် သတ်ခံနေ ရတာဖြစ်တယ်”လို့ သစ်တောဦးစီးဌာန သဘာဝပတ်ဝန်းကျင်နဲ့ သားရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး ဌာနက ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်က ပြောပါတယ်။

၂၀၁၇ ခုနှစ် မှာတော့ သတ်ဖြတ်ခံရတဲ့ ဆင်ကောင်ရေဟာ ၅၉ ကောင်အထိ ရှိလာခဲ့တယ်လို့လဲ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013