DVB Logo
Home
မြန်မာသတင်း
ဖူးကက်တွင် ရေနစ်မျောက်တကောင်ကို ဆင်းကယ်ရင်း မြန်မာလူငယ် ၁ ဦးရေနစ်သေဆုံး
DVB
·
October 4, 2018
ဖူးကက်တွင် ရေနစ်မျောက်တကောင်ကို ဆင်းကယ်ရင်း မြန်မာလူငယ် ၁ ဦးရေနစ်သေဆုံး
Donate to DVB

ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖူးကက်မှာ မနေ့ညက ရေနစ်နေတဲ့ မျောက်တကောင်ကို ဆင်းကယ်စဉ် မြန်မာလူငယ် ၁ ဦး ရေနစ်သေဆုံးခဲ့ရတယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ် ။

ဖူးကစ်မြို့ ကော်ကယောက်ရပ်ကွက်ရှိ ရေကန်ကြီးထဲမှာ ယမန်နေ့ညနေ ၆  နာရီလောက်က ရေနစ်သူ ရှိကြောင်း တိုင်ကြားချက်ရတဲ့အတွက် ရေငုပ်ကယ်ဆယ်ရေး အဖွဲ့တွေနဲ့အတူ သွားရောက်ကူညီခဲ့ရာမှာ အသက် ၃၅ နှစ်ရွယ် မြန်မာ ၁ ဦးက သူရဲ့ သားဖြစ်သူ ဆက်ပိုင်စိုး (အသက် ၁၈ နှစ်)ဟာ ရေနစ်တဲ့ မျောက်တကောင်ကို သူငယ်ချင်းတွေနဲ့ အတူ ဆင်းဆယ်ရင်း ရေနစ်သွားခဲ့တာလို့ ကော်ကယောက်နယ်မြေရဲစခန်းက သတင်းထောက်ကို ပြောပါတယ်။

တာဝန်ရှိသူတွေဟာ ရေနစ်သူရဲ့ ဖခင်ကို လှေပေါ်တင်ပြီး သူ့သားရေနစ်ခဲ့တဲ့နေရာကို ညွှန်ပြစေခဲ့ကြောင်း၊ ရေငုပ်သမားတွေက ရေထဲမှာ ၁၅ မိနစ်ခန့် ဆင်းရှာပြီးတဲ့နောက် အလောင်းကို ပြန်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

ဆက်ပိုင်စိုးရဲ့ ဖခင်ဖြစ်သူက သူဟာ အဲဒီရေကန်နားမှာဘဲ အလုပ်လုပ်နေပြီး ညနေ ၅ နာရီလောက်တော့ သားဖြစ်သူက ရေကန်ထဲမှာ မျောက်လေးတကောင်ရေနစ်နေတယ်လို့ ပြောကြောင်း၊ အဲဒီနောက် သူ့သူငယ်ချင်း ၂ ယောက်ကို ခေါ်ကာ ၃ ယောက်သား မျောက်ကို ဆင်းကယ်ခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ ၃ ယောက်ထဲမှာ ကိုမင်းက  မျောက်ကိုပွေ့ပြီး အရှေ့က အရင်ကူးခတ်လာကြောင်း ၊နောက်ကလိုက်လာတဲ့ ဆက်ပိုင်စိုးဟာ ရုတ်တရက်အားကုန်သွားလို့ ကိုမင်းက သူ့ကို တွဲလာဖို့ ကြိုးစားပေမယ့် သူကပါအားကုန်ချင်သလိုဖြစ်နေလို့ ကမ်းကို ကူးလာလိုက်တယ်လို့ ဆိုပါတယ်။

ဖခင်ဖြစ်သူဟာ အဖြစ်အပျက် အစဆုံးမြင်နေရပေမယ့် ရေမကူးတတ်လို့ သားဖြစ်သူကို မကယ်နိုင်ခဲ့ဘဲ  သူ့မျက်စေ့အောက်မှာပဲ ရေထဲကို နစ်သွားခဲ့တယ်လို့ ပြောပါတယ်။

တာဝန်ရှိသူတွေက သေဆုံးသူကို ခွဲစိပ်စစ်ဆေးဖို့ ဆေးရုံပို့ထားပြီး မိဘတွေကိုလည်း စစ်ဆေးမေးမြန်းကာ ကိစ္စပြီးရင် ထုံးတမ်းစဉ်လာအတိုင်း သင်္ဂြိုဟ်အလောင်းပြန်အပ်ပေးမယ်လို့  တာဝန်ကျရဲတပ်ဖွဲ့ဝင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013