DVB Logo
Home
မြန်မာသတင်း
အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားတပ်ဖွဲ့တို့ ထိပ်သီးအစည်းအဝေးကျင်းပမည်
DVB
·
October 4, 2018
အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားတပ်ဖွဲ့တို့ ထိပ်သီးအစည်းအဝေးကျင်းပမည်
Donate to DVB

အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တို့ရဲ့ ထိပ်သီး အစည်းအဝေးပွဲကို အန်စီအေ အပစ်ရပ်လက်မှတ်ထိုးတဲ့ ၃နှစ်ပြည့် အောက်တိုဘာ ၁၅ရက်မှာ ကျင်းပဖို့ ရှိပါတယ်။

ဒီအစည်းအဝေးကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁ဝ ဖွဲ့ ခေါင်းဆောင်တွေ တက်ရောက်ကြမှာဖြစ်တယ်လို့ ပအိုးဝ်အမျိုးသားအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဒီဗွီဘီကို ပြောပါတယ်။

“အန်စီအေ သုံးနှစ်ပြည့်တဲ့ အောက်တိုဘာ ၁၅ရက်မှာ နှစ်ပိုင်းပေါ့၊  မနက်ပိုင်းမှာက အရင် လုပ်နေကျအတိုင်း မိန့်ခွန်းတွေ ဘာတွေပြော၊ အသိအမှတ်ပြုတာတွေ ဘာတွေ လုပ်ပေါ့။ မွန်းလွဲပိုင်းမှာတော့ ၁ဝ ယောက်၊ ၁ဝ ယောက် အလွတ်သဘော ဆွေးနွေးပွဲပေါ့ လွတ်လွတ်လပ်လပ် ပြောကြဆိုကြပေါ့”

အဲ့ဒီတွေ့ဆုံ ဆွေးနွေးပွဲပြီးရင် တစ်ဆို့နေတဲ့ အချက်တွေ ပြေလည်သွားနိုင်ပြီး နောင် လုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေ အဆင်ပြေချောမွေ့သွားနိုင်တယ်လို့လည်း ခွန်ဥက္ကာ မျှော်လင့်ပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ပတ်သက်နေကြတဲ့ အဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်တွေ ဒီလထဲ တွေ့ဆုံ ဆွေးနွေးကြဖို့ ရှိတယ်လို့ အတည်ပြုပြောပါတယ်။

တစ်ဆို့နေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ရှေ့ဆက်နိုင်ဖို့ အဆုံးအဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြဖို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ဘက်က ပြီးခဲ့တဲ့ ဇူလိုင်လ ကတည်းက  တောင်းဆိုခဲ့တာပါ။

ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြဖို့ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနဲ့ တိုင်းရင်းသားတပ်ဖွဲ့တို့ဘက်က ဖဒိုကွယ်ထူးဝင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ရန်ကုန်မှာ အောက်တိုဘာ ၁ရက်နဲ့ ၂ရက်မှာ ကြိုတင် ညှိနှိုင်း ဆွေးနွေးခဲ့ကြပါတယ်။

အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်တို့ရဲ့ ထိပ်သီးစည်းဝေးပွဲ ကျင်းပမယ့်နေရာကို အတည်မပြုနိုင်သေးဘဲ အညာဒေသ ပုပ္ပါးဘက် ဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013