DVB Logo
Home
မြန်မာသတင်း
စလင်းမြို့အနီး ငလျင်လှုပ်၊ ယခုနှစ်အတွင်း မြန်မာပြည်တွင်း ငလျင် ၂၁၄ကြိမ်လှုပ်ခဲ့
DVB
·
October 4, 2018
စလင်းမြို့အနီး ငလျင်လှုပ်၊ ယခုနှစ်အတွင်း မြန်မာပြည်တွင်း ငလျင် ၂၁၄ကြိမ်လှုပ်ခဲ့
Donate to DVB

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့အနီးကို  ဗဟိုပြုပြီး ဒီကနေ့ မနက်က အင်အား အသင့်အတင့်ရှိတဲ့ မြေငလျင်လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၄ရက် မနက် ၃နာရီ၊ ၃မိနစ်၊ ၅၉စက္ကန့် အချိန်မှာ  ညောင်ဦးမြေငလျင်စခန်းရဲ့ အနောက်တောင်ဘက်(၅၁)မိုင်ခန့် ကွာဝေးတဲ့ စလင်းမြို့ အနောက်ဘက် ၁၀ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်တာစကေး (၄.၂)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်သွားတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ရက်ကလည်း စဥ့်ကူးမြို့အနားကို ဗဟိုပြုပြီး အင်အား ရစ်တာစကေး(၄.၂)အဆင့်ရှိ အင်းအားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွား တာကြောင့် စေတီဘုရားတချို့ ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။

အဲ့ဒီငလျင် အပါအ၀င် အခုနှစ်အတွင်း  မြန်မာနိုင်ငံမှာ မြေငလျင်ငယ်ပေါင်း ၂၁၄ ကြိမ်လှုပ်ခတ်ခဲ့ပြီးဖြစ်တယ်လို့ မိုးလေ၀သဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013