DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
October 3, 2018
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကတော့ ပိဿာ ၆၀ ၀င် ၁ အိတ်ကို ၅၀၆၀၀   ပေါက်ဈေးရှိပြီး မနေ့က ဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး။ မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၄၅၀၀၀ ကနေ ၅၃၀၀၀ ပေါက်ဈေရှိပြီး ၁ အိတ်ကို ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၂၄၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲစင်းငုံနီက အသစ်က ၁ အိတ်ကို ၃၈၀၀၀ ကနေ ၄၅၅၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၃၅၀၀ ကျပ်ဈေးတက်လာပါတယ်။  ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၄၂၆၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေး နဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၂၉၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

ကုလားပဲ v2

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် ၁ အိတ်ကို ၇၄၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၇၃၅၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေး နဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၅၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

နှမ်းညို

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းညိုက ၁ အိတ်ကို ၁၄၀၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၃၈၃၀၀  ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၂၀၀ ကျပ်ဈေးကျသွားပါတယ်။ မန္တလေး နဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၁၇၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲနီပြား

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲနီပြားက ၅၅.၂၅ ပိဿာဝင် ၁ အိတ်ကို ၁၁၅၀၀၀ ကနေ ၁၂၀၀၀၀ ပေါက်ဈေးရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၁၀၅၀၀ ကနေ ၁၃၂၆၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေး နဲ့ မြင်းခြံကုန်စည်ဒိုင် ၁ အိတ်ကို ၁၂၆၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ကြက်သွန်နီ

ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက ၁ အိတ်ကို ၉၀၀ ကနေ ၁၀၅၀  ရှိပြီး ၁ အိတ်ကို ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၉၀၀ ကနေ ၁၁၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူ နဲ့ မြင်းခြံကုန်စည်ဒိုင် ၁ အိတ်ကို ၅၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက မတ်ပဲကတော့ ဈေးတက်လာနေပါတယ်။ အိန္ဒိယအ၀ယ်နည်းနေပေမယ့် တရုတ်က အ၀ယ်လိုက်လာတာ ဖြစ်တဲ့အတွက် ဈေးက တက်လာခဲ့ပါတယ်။ ပြည်တွင်းဝယ်ယူမှုကလည်း များတဲ့အတွက် သုံးရက်အတွင်း တစ်တန်ကို ငွေကျပ် ၂ သောင်းနီးပါးဈေးတက်လာခဲ့ပါတယ်။

ကြက်သွန်နီကတော့ ဈေးပြန်ကျဆင်းသွားခဲ့ပါတယ်။ ကုန်စည်ဒိုင်ကို ကြက်သွန် အ၀င်နည်းနေပေမယ့်လည်း ဈေးအေးနေတဲ့အပြင် တရုတ်ကြက်သွန်တွေကလည်း အ၀င်များတဲ့အတွက် ကြက်သွန်ဈေး အနည်းငယ်ကျဆင်းသွားခဲ့တာပါ။

ဖော်ပြထားတဲ့  သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013