DVB Logo
Home
မြန်မာသတင်း
အတွင်းခံဘရာဖြင့် ရုပ်သံရိုက်ကူးခဲ့သည့် အဆိုတော်အမျိုးသမီး ခြိမ်းခြောက်ခံရ (ရုပ်သံ)
DVB
·
October 3, 2018
အတွင်းခံဘရာဖြင့် ရုပ်သံရိုက်ကူးခဲ့သည့် အဆိုတော်အမျိုးသမီး ခြိမ်းခြောက်ခံရ (ရုပ်သံ)
Donate to DVB


ကာဂျစ္စတန်နိုင်ငံမှာ အတွင်းခံ ဘရာဇီယာနဲ့ သီချင်းရုပ်သံရိုက်ကူးခဲ့တဲ့ အဆို တော်အမျိုးသမီးတဦးဟာ အသက်အန္တရာယ်ခြိမ်းခြောက်ခံခဲ့ရတယ်လို့ ဘီဘီစီသတင်း အောက်တိုဘာလ ၁ ရက်နေ့က ဖော်ပြပါတယ်။


သူကတော့ အသက် ၁၉ နှစ်အရွယ် အဆိုတော် ဇီရယ်ဖြစ်ပြီး အဲဒီသီချင်းကတော့ ကျားမ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံခံရတဲ့ အခြေအနေ၊ အကြောင်းအရာတွေကို ရေး စပ်ထားခဲ့တာလို့ ဆိုပါတယ်။


အမျိုးသမီးတွေကို ရိုးရာအစဉ်အလာအတိုင်း ရှေးရိုးစွဲ ဖိနှိပ်ချုပ်ချယ်မှုတွေရှိတဲ့ နိုင်ငံမှာ သဘောထားတွေ၊ အမြင်တွေ ပြောင်းလဲလာစေဖို့ စိန်ခေါ်နိုင်စေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။


“ကျမသီချင်းထဲမှာပါတာတွေက သူတို့ ၀တ်ချင်တာတွေဝတ်၊ လုပ်ချင်တာတွေ လုပ်ပြီး သူတို့ဘာဆိုတာ သိကြတဲ့ အမျိုးသမီးတွေနဲ့ လူတွေအကြောင်းပါပဲ။ တယောက်နဲ့တယောက် ဝေဖန်ကောက်ချက်ချတာမျိုးတွေ မရှိပဲနဲ့ပေါ့။”


၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ယူနီယံပြိုကွဲခဲ့ပြီးနောက်မှာ ကာဂျစ္စတန်နိုင်ငံဟာ သီး ခြားလွတ်လပ်တဲ့ နိုင်ငံတနိုင်ငံဖြစ်လာပြီး နိုင်ငံလူဦးရေရဲ့ ၆ သန်းနီးပါးဟာ တာကစ်ဘာ သာစကားပြော မွတ်ဆလင်ဘာသာဝင်တွေ ဖြစ်ကြပါတယ်။


လက်ရှိမှာတော့ ဇီရယ်ရဲ့ သီချင်းဟာ ချီးကျူးမှုတွေလည်း ရှိခဲ့သလို အသက်အန္တရာယ်ခြိမ်းခြောက်ပြီး ဆိုးဆိုးဝါးဝါး ဝေဖန်မှတ်ချက်ချမှုတွေနဲ့လည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။


တချို့ကလည်း ဒီလိုဖိနှိပ်ချုပ်ချယ်မှုအပေါ် ရဲရဲရင့်ရင့် ရေးစပ်သီဆိုပြီး သရုပ် ဆောင်ထားတာကို ချီးကျူးနေကြပါတယ်။


ဆိုးဝါးတဲ့ မှတ်ချက်တွေထဲမှာတော့ ခုလိုဖော်ပြီး သရုပ်ဆောင်တာမျိုးကို စိတ်ဆိုး ဒေါသထွက်နေကြပြီး ဝေဖန်မှုတွေနဲ့ တုံ့ပြန်ခဲ့ကြတာပါ။
ဇီရယ်ကတော့ သူ့အပေါ် ဘယ်လိုပဲ ဝေဖန်သည်ဖြစ်စေ တုံ့ပြန်လေ့ရှိတယ်လို့ ဆို ပါတယ်။


ကာဂျစ္စတန်နိုင်ငံသူ မိန်းကလေးတဦးကတော့ “မိန်းကလေးတယောက်က သူ့ဂုဏ်ကို ထိန်းရမယ်လေ။ ကိုယ့်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ခုလိုမဖော်သင့်ပါဘူး” လို့ ပြောပါတယ်။


အမျိုးသားတဦးကတော့ ခုလိုမျိုး မမြင်အပ်တဲ့ အစိတ်အပိုင်းတွေကို ဖော်ခဲ့တဲ့အတွက် အရင်တုန်းက အသတ်ခံခဲ့ရတာတွေ ရှိဖူးတယ်လို့ ပြောပါတယ်။


ကာဂျစ္စတန်နိုင်ငံမှာ အိမ်တွင်း အကြမ်းဖက်မှုတွေ၊ အမျိုးသမီးတွေအပေါ် ခွဲခြား ဆက်ဆံတာတွေဟာ ဖြစ်ရိုးဖြစ်စဉ်တခုမို့ ဒီသီချင်းထွက်လာချိန်မှာတော့ လူမှုကွန်ရက်ပေါ်မှာ အငြင်းပွားစရာတခုလို ဖြစ်နေခဲ့တာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013