DVB Logo
Home
မြန်မာသတင်း
ခြိမ်းခြောက်ငွေကြေးတောင်းခံသည့်  အင်ဖော်မာသတင်းပေးများကို အရေးယူ
DVB
·
October 3, 2018
ခြိမ်းခြောက်ငွေကြေးတောင်းခံသည့်  အင်ဖော်မာသတင်းပေးများကို အရေးယူ
Donate to DVB

အင်ဖော်မာခေါ်တဲ့ ဌာနဆိုင်ရာသတင်းပေးတွေက ငွေကြေးတောင်းခံတာတွေ တွေ့ရှိရင် အရေးယူမှာဖြစ်ပြီး လတ်တလော  ၉ မှုအထိ အရေးယူထားတယ်လို့ စစ်ကိုင်းတိုင်း ဒေသကြီး နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင် ပြောပါတယ်။

ရဲ၊ စရဖ၊ သစ်တော၊ SB စတဲ့ဌာနတွေကနေ မွေးထားတဲ့ အင်ဖော်မာ ခေါ် သတင်းပေးတွေက ပြည်သူတွေ ဝန်ထုပ်ဝန်ပိုးဖြစ်လာတဲ့အထိ ခြိမ်းခြောက်ငွေတောင်းတာတွေ ရှိနေတာပါ။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်လာနိုင်တဲ့ အတွက်ကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အစိုးရက ဘယ်လိုစီမံမလဲဆိုတာကို အောက်တို ဘာ ၂ ရက်က ကျင်းပတဲ့ စစ်ကိုင်းတိုင်းလွှတ်တော်မှာ ကိုယ်စားလှယ် ဦးကျော်ဆန်းက မေးမြန်းခဲ့တာပါ။

ဒီမေးခွန်းနဲ့ ပတ်သက်ပြီး နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က “သတင်းပေးတွေကို မွေးရတာက နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော် အကျိုးစီးပွားတို့ကို လုပ်ဆောင်ရာမှာ ဌာနဆိုင်ရာဝန်ထမ်းတင်မလုံလောက်လို့ ပြည်သူတွေ ထဲက ရွေးချယ်ကာ လုပ်ဆောင်ထားရတာဖြစ်ပြီး ဥပဒေချိုးဖောက်တဲ့သူတွေကို အရေးယူ ထားတာတွေ ရှိသလို နောက်ထပ်လည်း ချိုးဖောက်ရင် အရေးယူမှာတွေရှိတယ်”လို့ ပြောပါတယ်။

မြို့နယ်တချို့မှာ  လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင် သတင်းပေးဆိုသူတွေရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာတွေလည်း ရှိနေပါတယ်။

လက်ရှိမှာတော့ အဲလို ခြိမ်းခြောက်ရန်ပြုတဲ့သူတွေကိုတော့ အမှုဖွင့်အရေးယူ ထားတာတွေ ရှိတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့  ကနီမြို့နယ် လွှတ်တော်အမတ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

သတင်းပေးတွေကို လစဉ်၊ နှစ်စဉ် ပြန်လည်သုံးသပ်တာတွေရှိပြီး ဥပဒေချိုးဖောက်တဲ့ သတင်းပေးတွေကို အရေးယူနေသလို တချို့သတင်းပေးတွေကို ဆက်သုံးသင့် မသုံးသင့် စိစစ်သွား မယ်လို့ သိရပါတယ်။

နယ်လုံဝန်ကြီးပြောပြတဲ့  စာရင်းတွေအရ ရဲတပ်ဖွဲ့အင်အားက ဖွဲ့စည်းပုံရဲ့ ၄၆ ရာခိုနှုန်းလောက် သာရှိ တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013