DVB Logo
Home
မြန်မာသတင်း
မ​ကွေးတိုင်းတွင် အထက်​တန်းပြ ဆရာ၊ ဆရာမ  ၃၀၀ ​ကျော်​​လိုအပ်​​နေ
DVB
·
October 3, 2018
မ​ကွေးတိုင်းတွင် အထက်​တန်းပြ ဆရာ၊ ဆရာမ  ၃၀၀ ​ကျော်​​လိုအပ်​​နေ
Donate to DVB

မ​ကွေးတိုင်းထဲမှာ အထက်​တန်းပြ ဆရာ၊ဆရာမပေါင်း  ၃၀၀ ​ကျော်​​လောက်​ လိုအပ်​​နေတဲ့အတွက်​ သင်​ကြား​ရေးပိုင်း အခက်​ကြုံ​နေတယ်​လို့ တိုင်း​ဒေသကြီး ပညာ​ရေးမှူးက ​ပြောပါတယ်။

၂၀၁၇-၁၈ ပညာသင်နှစ်မှာ အထက်တန်းကျောင်း ၁၆ ကျောင်းက အောင်ချက် Zero ဖြစ်သွားတဲ့အတွက် အောင်ချက်မြင့်မားဖို့ကြိုးစားနေရတာပါ။

အခုလိုဖြစ်ရတာဟာ အထက်တန်းကျောင်းနဲ့  အထက်တန်းကျောင်းခွဲတွေ အဆင့်တိုးမြှင့်လိုက်လို့ သင်ကြားရေး ဆရာတွေ လုံလောက်မှုမရှိတဲ့အပြင် ပညာရေးဝန်ထမ်း မခန့်နိုင်တဲ့ကျောင်း ၁၈ ကျောင်းရှိ တယ်လို့လည်း တိုင်းပညာရေးမှူးကပြောပါတယ်။

လုပ်ငန်းခွင်အတွင်း ဆရာ၊ဆရာမတွေနဲ့ လုံလောက်မှုမရှိရင် ပြည်နယ်နဲ့ တိုင်းတွေက နေရာဒေသမရွေး သွားလာနိုင်သူတွေကို ရာထူးတိုးခန့်သွားမယ်လို့လည်းသိရပါတယ်။

မ​ကွေးတိုင်းထဲမှာ အထက်​တန်း​ကျောင်း၅၀၅ ကျောင်း၊ အလယ်​တန်း​ကျောင်း ၁၈၈၈ ​ကျောင်းနဲ့ မူလတန်း​ကျောင်း ၁၉၆၈ ကျောင်းရှိပြီး ဆရာ၊ ဆရာမ ၃၀၀၀၀ ကျော်​ တာဝန်ထမ်း ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013