မူးယစ်ဆေးဝါးဆိုင်ရာ နည်းဥပဒေ ပြင်ဆင်ရန် နေပြည်တော်တွင် ဆွေးနွေး
DVB
·
October 3, 2018
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ နည်းဥပဒေကို ပြင်ဆင်ဖို့အတွက် အဆင့်မြင့်အရာရှိများအဆင့် အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၃ ရက် မနက်က နေပြည်တော်မှာ ကျင်းပပါတယ်။
၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေ ဟာ ၁၉၈၈ ခုနှစ် ကုလသမဂ္ဂ သဘောတူညီနဲ့အညီ ရေးဆွဲထားတဲ့ဥပဒေဖြစ်ပါတယ်။
ဒါပေမယ့် ခေတ်စနစ်နဲ့ လိုက်လျောညီထွေမှုရှိအောင် ဥပဒေ ပြင်ဆင်ဖို့ဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက ပြောပါတယ်။
“နိုင်ငံတကာမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ပြစ်မှုကြောင်းအရ အရေးယူခြင်းမပြုဘဲ ကျန်းမာရေးဆိုင်ရာပြဿနာအဖြစ်ပဲ ရူမြင်ပြီး ဆေးကုသပေးတာတွေ၊ ပြန်လည်ထူထောင်ရေးနဲ့ တခြား နောက်ဆက်တွဲရောဂါတွေ ကူးစက်ပြန့်ပွားမှုမရှိအောင်စတဲ့ လုပ်ငန်းတွေကို ဥပဒေနဲ့ အညီ ဆောင်ရွက်လိုတာကြောင့် ၁၉၉၃ ခုနှစ် မူးယစ်ဥပဒေကို ပြင်ဆင်တာဖြစ်တယ်။”
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကိုတော့ အောက်တိုဘာ ၃ ရက်နဲ့ ၄ရက်နေ့တွေမှာ နှစ်ရက်တာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
သတင်းနှင့်ဓာတ်ပုံ - ခိုင်ပန်းနု