DVB Logo
Home
မြန်မာသတင်း
City FM ထုတ်လွှင့်မှု ကုမ္ပဏီက တဘက်သတ် အသာရနေပြီး နိုင်ငံတော်ကနစ်နာနေ
DVB
·
October 3, 2018
City FM ထုတ်လွှင့်မှု ကုမ္ပဏီက တဘက်သတ် အသာရနေပြီး နိုင်ငံတော်ကနစ်နာနေ
Donate to DVB

City FM မြို့တော်အသံလွှင့်လုပ်ငန်းမှာ ကုမ္ပဏီက အမြတ်ငွေရရှိမှု တဘက်သက် အသာရနေပြီး နိုင်ငံတော်က နစ်နာမှုတွေ ရှိနေတယ်လို့ သင်္ကန်းကျွန်းမြို့နယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောပါတယ်။

အောက်တိုဘာ ၂ ရက် ရန်ကုန်တိုင်းလွှတ်တော်မှာ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရဲ့ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနဲ့ပတ်သက်ပြီး ဆွေးနွေးရင်း ပြောခဲ့တာပါ။

“စာချုပ်မှာ အကျိုးအမြတ်ကို ၅၀/၅၀ လို့ ခွဲဝေပေးခဲ့ပေမယ့် ပြင်ဆင်ချက်အရ စာမျက်နှာ ၂၆၇ မှာ ပါဝင်တဲ့အတိုင်း ခွဲဝေထားပြီး ၂၀၁၄ ကနေ ၂၀၁၇ အထိ ၃ နှစ်မှာ YCDC က အသားတင်အမြတ်ငွေ ၁၀၄.၅၁၉ သန်းရရှိပြီး ကုမ္ပဏီက ၅၈၅.၂၀၄ သန်းရရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီ ခွဲဝေမှုပုံစံအသစ်ပါတဲ့ စာချုပ်ပြင်ဆင်ချက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း အတည်ပြုထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ဒီခွဲဝေမှုပုံစံအရ ကုမ္ပဏီက တဘက်သက်အသာရနေပြီး နိုင်ငံတော်မှ နစ်နာမှုများရှိနေ တာကြောင့် စာချုပ်က ခွင့်ပြုထားတဲ့အတိုင်း ပြန်လည်ညှိနှိုင်း ပြင်ဆင်ဖို့ အမြန်ဆုံး ဆောင်ရွက်သင့် ကြောင်း တိုက်တွန်းပါတယ်။”

CITY FM မြို့တော်အသံလွှင့် လုပ်ငန်းတိုးချဲ့မှုကို YCDC ရန်ကုန်မြို့တော်စည်ပင်နဲ့ ရွှေနေခြည်ဝန်ဆောင်မှု ကုမ္ပဏီတို့ ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ  သဘောတူ စာချုပ် ချုပ်ဆိုလုပ်ကိုင်ခဲ့ပြီး စာချုပ်သက်တမ်းက နှစ် (၃၀)ဖြစ်ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီးစာရင်းစစ်ချုပ်ရဲ့ ၂၀၁၆-၂၀၁၇ခု၊ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိ ချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့  သဘောထား မှတ်ချက် အစီရင်ခံစာနဲ့ စပ်လျဉ်းပြီး ဦးနေဘုန်းလတ်နဲ့ ဒေါ်စန္ဒာမင်းတို့ အပါအ၀င် လွှတ်တော် ကိုယ်စားလှယ် ၁၁ ဦးတို့က ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013