DVB Logo
Home
မြန်မာသတင်း
လေဒီဂါဂါကို သရုပ်ဆောင်မင်းသမီးတယောက်အဖြစ်ရှုစားကြရမည့် A Star Is Born ရုပ်ရှင် (နမူနာ)
DVB
·
October 3, 2018
လေဒီဂါဂါကို သရုပ်ဆောင်မင်းသမီးတယောက်အဖြစ်ရှုစားကြရမည့် A Star Is Born ရုပ်ရှင် (နမူနာ)
Donate to DVB


နာမည်ကြီး အမေရိကန် ပေါ့ပ်အဆိုတော် လေဒီဂါဂါကို သရုပ်ဆောင်မင်းသမီးတ ယောက်အနေနဲ့ ပွဲဦးထွက်ရှုစားကြရမယ့် A Star Is Born ရုပ်ရှင်ကားကို လာမယ့် အောက်တိုဘာ ၅ ရက်နေ့မှာ ရုတင်ပြသတော့မှာ ဖြစ်ပါတယ်။

နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီတခုဖြစ်တဲ့ Warner Bros. Pictures တင်ဆက်လိုက်တဲ့ ဒီကားကို အမေရိကန်သရုပ်ဆောင်မင်းသား ဘရက်ဒ်လေကူးပါးက ဒါရိုက်တာအနေနဲ့ရော သရုပ်ဆောင်အနေနဲ့ပါ ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားဟာ ၁၉၃၇ ခုနှစ်က အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကိုပြန်ပြီး ရိုက်ကူးထား တာဖြစ်ပြီး ဂီတရွက်ပုန်းသီး အနုပညာရှင် အဆိုတော်မလေးတဦးနဲ့ သူ့ကို ပျိုးထောင်ပေးတဲ့ ဂီတပညာရှင်တဦးရဲ့ အကြောင်းကို အချစ်၊ ဂီတ၊ ဒရာမာပုံစံ ရိုက်ကူးပုံ ဖော်ထားခဲ့တာပါ။

ဒီ ရုပ်ရှင်ကားဟာ လေဒီဂါဂါရော ဘရက်ဒ်လေကူးပါးတို့ ၂ ဦးလုံးအတွက် ပုံစံတမျိုးစီနဲ့ သရုပ်ဆောင်အဖြစ်၊ ဒါရိုက်တာအဖြစ် တာဝန်ယူရတဲ့ ရုပ်ရှင်ကားအနေနဲ့ မှတ်တမ်းဝင်သွားပါတယ်။

ဒီကားထဲမှာ တခြားသရုပ်ဆောင်မင်းသား မင်းသမီးတွေအနေနဲ့ အဲန်ဒရူးဒိုက်စ် ကလေး၊ ဒေ့ဗ်ချက်ပဲလ်၊ ဆမ်အီလီယော့တ်တို့ကလည်း အားဖြည့်ပါဝင်ထားကြတာ ဖြစ်ပါတယ်။

A Star Is Born ရုပ်ရှင်ကားကို နာမည်ကြီးရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Venice International Film Festival မှာ ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်နေ့က ပြသခဲ့ပြီး သရုပ်ဆောင်၊ ဒါရိုက်တာ၊ ဂီတနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ ကားတကားဖြစ်တယ်ဆိုပြီး ချီးကျူးမှုတွေ ရရှိထားတာပါ။

ကြာမြင့်ချိန် ၁၃၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ လိင်ပိုင်းဆိုင်ရာ ကြမ်းတမ်းတဲ့ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေ၊ ဘာသာစကားတွေ ပါဝင်နေတာမို့ ဒီကားကို အသက်မပြည့်သေးတဲ့ ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့မသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။

ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၃၆ သန်း အကုန်အကျခံရိုက်ကူးထားတဲ့ A Star Is Born ရုပ်ရှင်ကားဟာ IMDb မှာလည်း Rating 8.8 အထိ ရရှိထားပြီး ရုံမတင်ခင်ကတည်းက နာမည်ကြီးနေခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013