DVB Logo
Home
မြန်မာသတင်း
ရုပ်ရှင်ရုံတွင် နိုင်ငံတော်အလံ အလေးမပြုသူကို ၃ နှစ်အထက် ထောင်ဒဏ်ချမှတ်နိုင်
DVB
·
October 2, 2018
ရုပ်ရှင်ရုံတွင် နိုင်ငံတော်အလံ အလေးမပြုသူကို ၃ နှစ်အထက် ထောင်ဒဏ်ချမှတ်နိုင်
Donate to DVB

ရုပ်ရှင်ရုံတွေမှာ မြန်မာနိုင်ငံတော်အလံကို မတ်တပ်ရပ် အလေးပြုကြဖို့ ရုပ်ရှင်ရုံက အသိပေးကြေညာပြသပေးမယ့် ဂရုမစိုက်၊ အလေးမထားဘဲ အလေးမပြုသူတွေကို ထောင်ဒဏ် ၃ နှစ်ထိချမှတ်နိုင်တဲ့  နိုင်ငံတော် အလံဥပဒေအရ အရေးယူခံရနိုင်တယ်လို့ သိရပါတယ်။

ဒီကနေ့ ရန်ကုန်တိုင်းလွှတ်တော်မှာ တောင်ဥက္ကလာပ အမတ်ဦးမိုးမြင့်က “ရုပ်ရှင်ရုံများ အတွင်း မြန်မာနိုင်ငံအလံ အလေးပြုခြင်း အစီအစဉ်မှာ မတ်တပ်ရပ် အလေးပြုကြဖို့ ရုပ်ရှင်ရုံ ကစာနဲ့ ပြသထားပါသော်လည်း ဂရုမစိုက်၊ အလေး မထားဘဲ ထိုင်နေသူအချို့အား နိုင်ငံတော် အလံဥပဒေအရ စည်းကမ်းချက် လိုက်နာဆောင်ရွက်စေရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဆောင်ရွက်ပေး နိုင်ခြင်းရှိ/မရှိ ” မေးမြန်းရာမှာ  ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက အရေးယူနိုင်တဲ့ အကြောင်း ဖြေကြားခဲ့တာပါ။

ရုပ်ရှင်ရုံတွေအနေနဲ့ နိုင်ငံတော်အလံမပြသမီ ‘နိုင်ငံတော်အလံကို အလေးပြုကြရန် မေတ္တာရပ်ခံပါသည်’ဟု အသိပေးစာတန်းထိုး ပြသလျက်ရှိပါကြောင်း၊ ဌာန အနေနဲ့လည်း နိုင်ငံတော်အလံကို တစ်ပြေးညီဖြစ်စေဖို့ စီစဉ်ရိုက်ကူးပြီး Digital ရုပ်ရှင်ရုံတွေမှာ ပြသဖို့ အခမဲ့ဖြန့်ဝေပေးနေတယ်လို့လည်း နော်ပန်းသဉ္ဇာမျိုးကပြောပါတယ်။

နိုင်ငံတော်အလံနဲ့ စပ်လျဉ်းပြီး နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရဲ့ ၂၁.၁၀.၂၀၁၀ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော်အလံဥပဒေ အခန်း (၄) ပုဒ်မ ၁၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၃)မှာ နိုင်ငံတော်အလံကို မလေးမစားပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်အထက်ပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားတာဖြစ်ပါတယ်။

အဆိုပါ ပြဋ္ဌာန်းချက်ကို  ပြည်သူတွေ လေးစားလိုက်နာစေဖို့ အသိပညာပေးနည်းလမ်း တွေနဲ့ ပိုမိုဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013