DVB Logo
Home
မြန်မာသတင်း
မန်း​ရွှေစက်​​တော်​ ​ဂေါပကအဖွဲ့ တရားစွဲခံရ
DVB
·
October 2, 2018
မန်း​ရွှေစက်​​တော်​ ​ဂေါပကအဖွဲ့ တရားစွဲခံရ
Donate to DVB

မ​ကွေးတိုင်း​ဒေသကြီး၊ မင်းဘူးခရိုင်​၊ ငဖဲမြို့နယ်​ မန်းရွှေစက်တော်ဘုရားကြီး ​ဂေါပက အဖွဲ့ကို လုပ်ငန်းရှင်တဦးက  မင်းဘူးမြို့နယ်​ တရားရုံးမှာ အမှုနှစ်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။

တည်းခို​ဆောင်​ အခန်းခ ​ငွေကျပ်​ (၉၆)သိန်းရလိုမှုနဲ့ လုပ်​ငန်းအာမခံ ​​ပေးသွင်းထား​တဲ့ ​ငွေကျပ်​သိန်း(၁၀၀)ရယူလိုမှု နှစ်မှုကို နမ္မဒါ(၁) တည်းခို​ဆောင်​ လုပ်​ကိုင်​တဲ့ လုပ်​ငန်းရှင်​ ဦး​ကျော်​နိုင်ဦးက တရားစွဲဆိုထားတာပါ​။

ဂေါပကဥက္ကဋ္ဌ ဦးသိန်းလှိုင်​က “မန်း​ရွှေဆက်​​တော်​မှာ အရင်​အစဉ်​အဆက်​ကတည်းက နမ္မဒါ အဆင်​မြင့် တည်းခိုခန်းမှာ VIP ဆိုပြီး​တော့ အခန်း (၈)ခန်းကို လုပ်​ငန်းရှင်​​တွေက ​ပေးကြရတာ။ ၂၀၁၇ တုန်းက နမ္မဒါ တည်းခို​ဆောင်​က တစ်​ခုထဲ ဘာပြဿနာမှ မရှိဘူး ဒီနှစ်​မှာကြ​တော့ (၁)နဲ့(၂)ဆိုပြီး ခွဲလိုက်​တယ်​ သူတို့ဆီက VIP အတွက်​ နှစ်​စဉ်​လို (၄)ခန်းစီ ​ပေးရမယ်​ နှုတ်​နဲ့ဘဲ ​ပြောထားခဲ့တာ VIP ဆိုတာကလည်း စ​နေနဲ့ တနင်္ဂ​နွေဘဲ လာတာ​လေ ကျန်​တဲ့ အချိန်​သူတို့ ငှားစားလို့ရတာဘဲ​ပေါ့။ ​ရှေ့​နေငှားပြီး ​ချေပဖို့လုပ်​​နေပါတယ်​။ VIP မှာ ​ဂေါပက အဖွဲ့နဲ့​ ဆွေမျိုး​တွေ တည်းခဲ့တာ မဟုတ်​သလို ပြည်​​ထောင်​စု အဆင့်ရှိဝန်​ကြီးများနဲ့ မ​ကွေးတိုင်း​ဒေသကြီး အစိုးရအဖွဲ့အကြီးအကဲ ​မိသားစု​တွေဘဲ တည်းခဲ့တာဖြစ်​လို့ ​ဂေါပက အဖွဲ့က တာဝန်​မရှိ​ကြောင်း ပြန်​ပြီး​ချေပသွားမှာပါ။”လို့ပြောပါတယ်။

မန်း​ရွှေစက်​​တော်​ တည်းခို​ဆောင်​လုပ်​ကိုင်​သူတွေဟာ အာမခံ​ငွေအဖြစ်​ နမ္မဒါ (၁)နဲ့(၂)က သိန်း(၁၀၀)စီ၊​ ငွေ​သောင်​ယံက ၅၀နဲ့ ကျန်​တဲ့ ပုဂ္ဂလိက တည်းခို​ဆောင်​​တွေက သိန်း ၂၀ စီ အာမခံ​ငွေ တင်​ထားရတယ်​လို့ သိရပါတယ်​။

“လုပ်​ငန်းအာမခံ​ငွေ သိန်း ၁၀၀ က​တော့ ပွဲ​တော်​ရက်​ပြီးသွားလို့ သူတို့ဘက်​က ပို​ဆောက်​လုပ်​တာ​တွေ၊ အခန်းခပို​တောင်းတာ​တွေ အပြစ်​အနာမရှိရင်​ ပွဲ​တော်​ရက် ​ပြီးကတည်းက ပြန်​​ပေးပါတယ်​။ အပြစ်​အနာအဆာ ရှိတယ်​ဆိုရင်​လည်း အဲဒီအထဲက ဒဏ်​​ကြေးနှိမ်​ပြီး စာရင်​​ပြောင်း​ပေးတယ်​။ အဲဒါကို သူက အခန်းပို​ဆောက်​လို့ဆိုပြီး တိုင်း​ဒေသကြီး အစိုးရအဖွဲ့က သိန်း ၁၅၀ ဒဏ်​တပ်​တယ်​။ ပွဲ​တော်​ပြီးလို့ အာမခံ​ငွေ​တွေ လာထုတ်ပါ ဒဏ်​​ကြေးသွင်းရမယ်​လူ​တွေ လာသွင်းပါဆို​တော့ သူက လာလည်းမထုတ်​ဘူး။ ဒဏ်​​ကြေးလည်း မသွင်းဘူး”လို့ ​ဂေါပကဥက္ကဋ္ဌ ဦးသိန်းလှိုင်​က ​​ပြောပါတယ်​။

တရားစွဲဆိုသူ ဦး​ကျော်​နိုင်​ဦးက​တော့ “​နောင်​လာမယ့်နှစ်​​တွေမှာ အဓိကလုပ်​ငန်းရှင်​​တွေ ပြဿနာမ​ပေါ်​ပေါက်​​ရေးအတွက်​ ဦးတည်​တာပါ။ ဂေါပက မဟုတ်​ရင်​လည်း မဟုတ်​တဲ့ စည်းမျဉ်းစည်းကမ်းအတိုင်​သွား၊ လုပ်​ငန်းရှင်​မဟုတ်​ရင်​လည်း မဟုတ်​တဲ့ စည်းကမ်းအတိုင်း သွားလိမ့်​မယ်​။ ဒါ​လေးကိုလည်း လာမယ့်နှစ်​​တွေမှာ အခက်​အခဲမရှိ​အောင်​ ကျနော်တို့​လို တ​ခါမှ မလုပ်​​ဖူး​သေးတဲ့လူ​တွေ ကျ​နော့်​လို ခံစားချက်​မျိုး မဖြစ်​ရ​လေ​အောင်​ စံနမူနာထားပြီး ​ကောင်း​စေချင်​တဲ့ ရည်​ရွယ်​ချက်​နဲ့ တရားစွဲဆိုရခြင်းဖြစ်​တယ်​”လို့ ​ပြောပါတယ်​။

အဆိုပါ အမှုကို မင်​ဘူးမြို့နယ်​ တရားရုံးမှာ စက်​တင်​ဘာ  ၁၄ရက်​​က စွဲဆိုခဲ့တာဖြစ်​ပြီး ​အောက်​တိုဘာ ၈ ရက်​​နေ့ကို ရုံးချိန်း ပြန်လည် ချိန်းဆိုထားပါတယ်​။

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013