DVB Logo
Home
မြန်မာသတင်း
ဟာသသရုပ်ဆောင် Mr. Bean ပါဝင်သည့် Johnny English Strikes Again ရုပ်ရှင်(နမူနာ)
DVB
·
October 2, 2018
ဟာသသရုပ်ဆောင် Mr. Bean ပါဝင်သည့် Johnny English Strikes Again ရုပ်ရှင်(နမူနာ)
Donate to DVB


မြန်မာပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ ဟာသသရုပ်ဆောင် Mr. Bean ပါဝင်တဲ့ Johnny English Strikes Again ရုပ်ရှင်ကားကို လက်ရှိ ရုံတင်ပြသနေပြီး Box Office မှာ ၀င်ငွေ အမေရိကန်ဒေါ်လာ ၄၅ ဒဿမ ၈ သန်း ရရှိထားပါတယ်။


ဟောလိဝုဒ် အက်ရှင်၊ စပိုင်၊ ဟာသအမျိုးအစားရုပ်ရှင်တွေ နှစ်သက်ကြတဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားဖြစ်ပြီး ဒီကားကိုတော့ အိုင်းရစ်ရှ်ရုပ်ရှင်ဒါရိုက်တာ ဒေးဗစ်ဒ်ကားရ်က ပုံဖော်ရိုက်ကူးပေးထားတာပါ။


ဒီကားထဲမှာတော့ Mr. Bean လို့ သိကြတဲ့ သရုပ်ဆောင်မင်းသား ရိုဝမ်အက်တ် ကင်ဆန်ကို ဗြိတိန် MI7 ရဲ့ စပိုင် Johnny English အဖြစ် ပရိသတ်တွေက တွေ့ကြရမှာ ဖြစ်ပါတယ်။

ဆိုက်ဘာတိုက်ခိုက်ခံရပြီး ခြိမ်းခြောက်လာတဲ့ အမှုကို စုံစမ်းထောက်လှမ်းနိုင်ဖို့ သူဟာ နောက်ဆုံး မျှော်လင့်ချက်ဖြစ်လာချိန်မှာတော့ ဘယ်လို ရယ်မောစရာ ကမောက်ကမ အခြေအနေတွေ ဖြစ်လာမလဲ၊ Mr. Johnny English ကရော မစ်ရှင်အောင်မြင်အောင် လုပ်ဆောင်နိုင်မလား၊ ဒီတိုက်ခိုက်မှုကို တားဆီးကာကွယ်နိုင်မလား ဆိုတာကိုတော့ ပရိသတ်တွေက ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။


ဒီရုပ်ရှင်ကားကို နာမည်ကြီးရုပ်ရှင်ကုမ္ပဏီတခုဖြစ်တဲ့ Universal Pictures က တင်ဆက်လိုက်တာဖြစ်ပြီး Johnny English ရုပ်ရှင်ကားတွေရဲ့ နောက်ဆက်တွဲ တတိ ယမြောက်ရုပ်ရှင်ကားအဖြစ် ထွက်လာခဲ့တာပါ။

ပထမဆုံး Johnny English ရုပ်ရှင်ကား ကိုတော့ ၂၀၀၃ ခုနှစ်မှာ စတင်ခဲ့ပြီး ဒုတိယတကားဖြစ်တဲ့ Johnny English Reborn ကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တာမို့ ခုလက်ရှိထွက်လာတဲ့ကားက ၇ နှစ်အကြာမှာ ထပ်ထွက်ရှိလာခဲ့တာပါ။


ဒီကားထဲမှာ ရိုဝမ်အက်တ်ကင်ဆန်နဲ့အတူ ပြင်သစ်သရုပ်ဆောင်မင်းသမီး အော်လ်ဂါ ကာရ်လင်းကို၊ ဗြိတိန်သရုပ်ဆောင် မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ ဘဲန်မီလာ၊ အဒမ်ဂျိမ်းစ်၊ အမ်မာသွန်ပ်ဆင်တို့က အတွဲညီညီ ပါဝင်သရုပ်ဆောင်ထားခဲ့ကြတာပါ။


ကြာမြင့်ချိန် ၈၉ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 6.7 ထိ ရရှိထားတာဖြစ်ပါတယ်။ ဒီကားထဲမှာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့် ရှုဖို့ မသင့်တော်တဲ့ ကြမ်းတမ်းတဲ့ ပြကွင်းပြကွက်တွေ၊ ဇာတ်ဝင်ခန်းတွေ၊ ပြောစကား Dialog တွေ ပါဝင်နေတာမို့ PG -13 အဆင့် သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013