DVB Logo
Home
မြန်မာသတင်း
နေတိုးနှင့် မင်းသမီး ၇ လက်ကြမ်းကြမ်းရမ်းရမ်း သရုပ်ဆောင်ထားသည့် တည်ကြက်ရုပ်ရှင် (နမူနာ)
DVB
·
October 2, 2018
နေတိုးနှင့် မင်းသမီး ၇ လက်ကြမ်းကြမ်းရမ်းရမ်း သရုပ်ဆောင်ထားသည့် တည်ကြက်ရုပ်ရှင် (နမူနာ)
Donate to DVB

နာမည်ကြီးသရုပ်ဆောင်မင်းသား နေတိုးနဲ့ မင်းသမီး ၇ လက် ကြမ်းကြမ်းရမ်းရမ်း တွဲဖက်သရုပ်ဆောင်ထားကြတဲ့ တည်ကြက်ရုပ်ရှင်ကားကို လာမယ့် အောက်တိုဘာလ ၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားကိုတော့ လူစွမ်းကောင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပြီး ဘရဏီကျော်ရဲ့ ဇာတ်လမ်းကို မောင်မြတ်ဆွေက ဇာတ်ညွှန်းခွဲထားပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။

ကြမ်းကြမ်းရမ်းရမ်း တိုက်ခိုက်မှုတွေ၊ စွန့်စားမှုအက်ရှင်ပြကွက်တွေနဲ့ ကြည့်ရှုကြရမယ့် ဒီရုပ်ရှင်ကားထဲမှာတော့ နေတိုးက လမ်းပြတောမုဆိုးတယောက်အနေနဲ့ သရုပ်ဆောင် ထားပြီး သူဟာ မျက်စိမမြင်ရတဲ့ ညီမဖြစ်သူနဲ့အတူ နေထိုင်တယ်။

တနေ့မှာတော့ သူနေထိုင်တဲ့ရွာကို မိန်းကလေး ၇ ယောက် ထူးထူးဆန်းဆန်း ရောက်လာခဲ့ကြတယ်။ သူတို့က သုတေသနစာတမ်းပြုစုဖို့အတွက် ရှေးဟောင်းမြို့ပျက်တမြို့ ကို ရှာဖွေဖို့ဆိုပြီး သူ့ကိုလမ်းပြအဖြစ် ခေါ်သွားခဲ့ကြတယ်။ တကယ်တမ်းမှာတော့ အဲဒီ မိန်းကလေးတွေက ဂျပန်ခေတ်က စစ်ရှုံးလို့ ဆုတ်ခွာသွားတဲ့အချိန်မှာ ပါသွားခဲ့တဲ့ ရတနာသိုက်ကို လာရှာဖွေကြတာပါ။ ဒါပေမယ့် လောဘ၊ သံသယတွေကြောင့် သူငယ်ချင်းအချင်းချင်း သစ္စာဖောက်မှုတွေ ဖြစ်လာပြီး တောနက်ထဲမှာ သူတို့အုပ်စုထဲက တယောက်ပြီး တယောက် သေဆုံးချိန်မှာတော့ အခြေအနေတွေဟာ ပိုပြီး ရှုပ်ထွေးလာ ခဲ့တယ်။ နောက်ဆုံးမှာ ဘယ်သူတွေ အသက်ရှင်ကျန်နေမလဲ။ သစ္စာဖောက်ကရော ဘယ်သူလဲ။ ရတနာသိုက်ကိုရော သူတို့ထဲက ဘယ်သူတွေက နောက်ဆုံးတွေ့ရှိသွားမ လဲဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

ဒီကားထဲမှာ နေတိုးနဲ့အတူ သရုပ်ဆောင် မင်းသား နေမျိုးအောင်၊ သရုပ်ဆောင် မင်းသမီးတွေ ဖြစ်ကြတဲ့ သင်ဇာဝင့်ကျော်၊ ရွှေသမီး၊ ယင်လက်၊ နန်းခင်ဇေယျာ၊ မေမြတ် နိုး၊ ချောကလျာ၊ ကြည်ဖြူရှင်းသန့်တို့က အတွဲညီညီ ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ရုပ်ရှင်အထူးပွဲပြသမှုကိုတော့ စက်တင်ဘာလ ၃၀ ရက်နေ့က သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာပါ။

ခက်ခက်ခဲခဲ ဇာတ်ဝင်ခန်းတွေနဲ့ စွန့်စွန့်စားစား ရိုက်ကူးခဲ့ရတဲ့ ဒီရုပ်ရှင်ကား Trailer ဟာလည်း ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ၀င်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျော်ရှိနေခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013