DVB Logo
Home
မြန်မာသတင်း
လူမှု​ရေးပင်​စင်ကို အသက် ၉၀ နှစ်အထက်မှ ၈၅ နှစ်အထိ လျော့ချသတ်မှတ်
DVB
·
October 2, 2018
လူမှု​ရေးပင်​စင်ကို အသက် ၉၀ နှစ်အထက်မှ ၈၅ နှစ်အထိ လျော့ချသတ်မှတ်
Donate to DVB

လာမယ့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်​အတွင်း ဘိုးဘွား​တွေကို အသက်​ ၈၅ နှစ်​ထိ ​လျှော့ချ သတ်​မှတ်​ပြီး လူမှု​ရေးပင်​စင်​တွေ ထုတ်​​ပေးသွားမယ်​လို့ မကွေးတိုင်းဝန်ကြီးချုပ်က အပြည်​ပြည်​ဆိုင်​ရာ ဘိုးဘွားများ​နေ့မှာ ပြောပါတယ်။

မ​ကွေးတိုင်း​ဒေသကြီး ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​အောင်​မိုးညိုက "အသက်​ ၉၀ နှစ်​အထက်​ ဘိုးဘွား​တွေကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်​ကစပြီး နိုင်​ငံ​တော်​ရန်​ပုံ​ငွေက​နေ တ​လကို တသောင်းကျပ်​ ​ထောက်​ပံ့ပေးအပ်​ခဲ့တာပါ။ နိုင်​ငံတ၀န်းရှိ ဘိုးဘွား ၄ သောင်း​ကျော်​ကို လူမှု​ရေး ပင်​စင်​​ပေးခဲ့ပါတယ်​။ လာမယ့် ဘဏ္ဍာနှစ်​ကစလို့ အသက်​ (၈၅) နှစ်အထက်​ထိ ​လျှော့ချကာ ​ထောက်​ပံ​ပေးသွားဖို့ ​ဆောင်​ရွက်​​နေပြီ” လို့ပြောပါတယ်။

လာမယ့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်​မှာ အသက်​ ၈၅ နှစ်​အထက်​ ဘိုးဘွားများကို လူမှု​ရေးပင်​စင်​ ​ထောက်​ပံ့​ပေးဖို့ စာရင်း​တွေ ​ကောက်​ယူ​နေပြီလို့လည်း မ​ကွေးတိုင်း​ဒေသကြီး လူမှုဝန်​ထမ်းဦးစီးဌာန ညွှန်​ကြား​ရေးမှူး ​ဒေါ်နန္ဒာနွယ်​ဟန်​က ပြောပါတယ်။

“လက်​ရှိ အသက်​ ၉၀ အထက်​ဘိုးဘွား တ​​ယောက်​ကို တ​လ တ​သောင်းကျပ်​နှုန်းနဲ့ ၃ လ တ​ကြိမ် ​​အိမ်တိုင်ရာ​​ရောက်ေ​ပးပါတယ်​။ မ​ကွေးတိုင်းမှာ လူမှုဝန်​ထမ်းဦးစီးဌာန အသိမှတ်​ပြု ဘိုးဘွားရိပ်​သာ ၆ ခုမှာ ဘိုးဘွား ၂၀၀ ခန့်​ကို ​စောင့်ရှောက်​ထားပါတယ်​။ ဘိုးဘွားရိပ်​သာ​ တွေမှာကျန်းမာတဲ့ ဘိုးဘွား​တွေကိုဘဲ လက်​ခံ​စောင်​​ရှောက်​ကြပြီး ဂီလာန ဘိုးဘွားရိပ်​သာ​တွေ လည်း ရှိ​စေချင်​တယ်”

မ​ကွေးတိုင်းအတွင်း အသက်​ ၉၀ နှစ်​အထက်​ ဘိုးဘွား​ ၄၀၀၀ ​ကျော်​ကို ၃ လတ​ကြိမ်​ လူမှု​ရေးပင်စင်​​ထောက်​ပံ့​ပေး​နေတာဖြစ်ပါတယ်​။

အသက်​ ၉၂ နှစ်​အရွယ်​အဘွား ​ဒေါ်ခင်​မမကြီးက "သားသမီး​တွေရှိပြီး ဘိုးဘွားရိပ်​သာ​ ရောက်​သွားကြတာ ပထမ​တော့ စိတ်​ဆင်းရဲပြီး ​စောင့်ရှောက်​မယ့်သူ​တွေကရှိ​နေ​တော့ စိတ်​ချမ်းသာရတာ​ပေါ့။ဂရုတစိုက်​ ပြုစု​စောင့်ရှောက်​သူ​တွေရှိလို့ ​တော်​​သေးတယ်​"လို့ ဆိုပါတယ်​။

မ​ကွေးမြို့ရှိ ဖန်​ခါး​မြေ ဘိုးဘွားရိပ်​သာမှာ ​အောက်​တိုဘာ ၁ ရက်​​ မနက်​ပိုင်းက အပြည်​ပြည်​ဆိုင်​ရာ အဘိုးဘွားများ​နေ့ အခမ်းနားပြုလုပ်​ပြီး ဘိုးဘွား ၆၉ ဦးကို ​ထောက်​ပံ့ ပစ္စည်း​တွေနဲ့ ဂါရဝပြု ကန်​​တော့ခဲ့ပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013