DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းယာဉ်တိုက်မှု ၁၄ ဦးသေဆုံး၊ ၂၄ ဦး ဆေးရုံတင်ထားရ
DVB
·
October 2, 2018
အမြန်လမ်းယာဉ်တိုက်မှု ၁၄ ဦးသေဆုံး၊ ၂၄ ဦး ဆေးရုံတင်ထားရ
Donate to DVB

အမြန်လမ်း မိုင်တိုင် ၂၂၉ မှာ အောက်တိုဘာ ၁ ရက်၊ ည ၁၁ နာရီလောက်က ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ၁၄ ယောက်သေဆုံးကာ ၂၄ ယောက် ဆေးရုံတင်ထားရတယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ပါတယ်။

လေအိတ်ပေါက်လို့ လမ်းဘေးရပ်ပြီး ကားပြင်နေတဲ့ ကျေးဇူးရှင် ဘုရားဖူးယာဉ်ကို  အရိန္ဒမာခရီးသည်တင်ယာဉ်က နောက်က ၀င်တိုက်ခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂ ရက် ဒီမနက် ၈ နာရီအထိ ကားတိုက်မှုအတွင်း အရိန္ဒမာ ခရီးသည်တင်ယာဉ်ပေါ်ပါ ကျား ၇ ယောက်၊ မ ၇ ယောက် သေဆုံးပြီး ၂၄ ယောက် ဆေးရုံတင်ထားရတယ်။

ဒီထဲ အတွင်းလူနာ ၁၈ ယောက်ကို နေပြည်တော်ကုတင် ၁၀၀၀ မှာ ကုသပေးနေတယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

အရိန္ဒမာခရီးသည်တင်ယာဉ်ရဲ့ ယာဉ်မောင်းဖြစ်သူကတော့ ထွက်ပြေး တိမ်းရှောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013