DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် အန်အယ်လ်ဒီပါတီ သန့်စင်ရေးပြုလုပ်လို
DVB
·
October 2, 2018
၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် အန်အယ်လ်ဒီပါတီ သန့်စင်ရေးပြုလုပ်လို
Donate to DVB

လာမယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမတိုင်ခင်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီတွင်း သန့်စင်ရေးလုပ်ချင်တယ်လို့ ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် မုံရွာအောင်ရှင်က ပြောကြားလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့  ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲ မှာ မဲအပြတ်အသတ်နဲ့အနိုင်ရှိခဲ့ပြီး  အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်း နိုင်ခဲ့ပါတယ်။

ဒီဘက်နှစ်တွေမှာတော့ ဝန်ကြီးတချို့၊ ပါတီဝင်တချို့နဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ ပါတီကနေ တာဝန်တွေ ရပ်ဆိုင်းခံရတာတွေရှိပါတယ်။

ပါတီက ခန့်အပ်တာဝန်ပေးထားတဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ်၊ မွန်ပြည်နယ် ဝန်ကြီးချုပ်၊ မကွေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီး ၂ ဦး၊ ပဲခူးတိုင်းက ဝန်ကြီး ၂ ဦး၊ ရခိုင်ပြည်နယ်က ဝန်ကြီး ၁ဦးတို့ကို ပြီးခဲ့တဲ့ နှစ်တွေက တာဝန်က ဖယ်ရှားခဲ့ပါတယ်။

ဒါတွေနဲ့ပတ်သတ်ပြီး လာမယ့် ရွေးကောက်ပွဲကြီး မတိုင်ခင်ကို ပါတီသန့် ရှင်းရေးလုပ်ဖို့ လိုအပ်နေပြီလို့  ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မုံရွာ အောင်ရှင်က ပြောပါတယ်။

ဒါ့အပြင်  ပါတီထဲမှာ အားနည်းချက်တချို့ရှိတာတွေနဲ့  အုပ်စုဖွဲ့မှုတွေလည်း ရှိလာနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်အခုလာမယ့် ရွေးကောက်ပွဲမတိုင်မီကို ပါတီသန့် စင်ရေးလုပ်ချင်တယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်က ပြည်မြို့မှာပြုလုပ်သွားတဲ့ အန်အယ်လ်ဒီပါတီ ထူထောင်ခြင်း ၃၀ ပြည့်ပွဲမှာ ပါတီတာဝန်ရှိသူကပြောတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013