DVB Logo
Home
မြန်မာသတင်း
နိုင်ငံတ၀န်း ရေဘေးကယ်ဆယ်ရေးစခန်း ၁ဝဝ ကျော်ဖွင့်ထားရဆဲ
DVB
·
October 2, 2018
နိုင်ငံတ၀န်း ရေဘေးကယ်ဆယ်ရေးစခန်း ၁ဝဝ ကျော်ဖွင့်ထားရဆဲ
Donate to DVB

မြန်မာတနိုင်ငံလုံးမှာ ရေဘေးကယ်ဆယ်ရေးစခန်း ၁ဝဝ ကျော် ဆက်လက်ဖွင့်ထားရပြီး လူပေါင်း ၆ဝဝဝဝ ကျော် ခိုလှုံနေရတုန်း ဖြစ်တယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနက ထုတ်ပြန်ပါတယ်။

လက်ရှိမှာ စခန်းပေါင်း ၁၃၆ ခု ဖွင့်ထားပြီး အိမ်ထောင်စု ၁၁၄ဝ၈ စု၊ လူဦးရေ ၆၂၄၃၅ ယောက် ပြောင်းရွှေ့နေရတုန်း ဖြစ်ပါတယ်။

အများဆုံးကတော့ ပဲခူးတိုင်းမှာ ဖြစ်ပြီး စခန်း ၉၉ ခု ဖွင့်ထားရသလို လူပေါင်း ၄၉၁ဝ၈ ယောက် ပြောင်းရွှေ့နေထိုင်နေရတာပါ။

ကရင်ပြည်နယ်မှာတော့ လူဦးရေ ၉ဝဝဝ ကျော်၊ မကွေးတိုင်းမှာ ၁၃ဝဝ ကျော် ရေဘေးစခန်းတွေမှာ နေထိုင်နေရဆဲဖြစ်သလို စစ်ကိုင်း၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်တို့မှာလည်း ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားရပါတယ်။

ဇူလိုင်နဲ့ သြဂုတ်လတွေက ရေကြီးရေလျှံတာတွေကြောင့် တနိုင်ငံလုံးမှာ လူပေါင်း ၂ သိန်းကျော်ဟာ ရေဘေးကယ်ဆယ်ရေးစခန်း ၅ဝဝ လောက်မှာ ရွှေ့ပြောင်းနေထိုင်ခဲ့ရတာပါ။

ရေဘေးကြောင့် လူပေါင်း ၃ဝ သေဆုံးခဲ့ပြီး အိမ်ပေါင်း ၃ဝဝ လောက်ပျက်စီးခဲ့တယ်လို့ လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013