DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်ရင်ဆိုင်နေရသည့် အရေးအကြီးဆုံးပြဿနာ ငြိမ်းချမ်းရေးဟု စစ်တမ်းထုတ်
DVB
·
October 1, 2018
မြန်မာပြည်ရင်ဆိုင်နေရသည့် အရေးအကြီးဆုံးပြဿနာ ငြိမ်းချမ်းရေးဟု စစ်တမ်းထုတ်
Donate to DVB

လက်ရှိမြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အရေးအကြီးဆုံးပြဿနာဟာ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခပြဿနာ ဖြစ်တယ်လို့  ပြီးခဲ့တဲ့ တပတ်က ထုတ်ပြန်လိုက်တဲ့ ပြည်တွင်းစစ်တမ်းတခုမှာ ဖြေဆို ထားကြပြီး ဖြေဆိုသူတွေရဲ့ ၁ ရာခိုင်နှုန်းကပဲ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို အရေးကြီးတယ်လို့ ဆိုကြပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့က တနိုင်ငံလုံးနီးပါးက မြို့တွေကို ကွင်းဆင်းကောက်ယူ ထားတဲ့ စစ်တမ်းမှာ ဖော်ပြထားတာပါ။

တနိုင်ငံလုံးအတိုင်းအတာနဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာအဖြစ် ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခလို့ ဖြေဆိုသူတွေရဲ့ ၃၇ ရာခိုင်နှုန်းက ဆိုပါတယ်။ ပြည်နယ်တွေက ဖြေဆိုသူတွေကတော့ တိုင်းတွေက ဖြေဆိုသူတွေထက်ဒီကိစ္စကို ပိုပြီး ဦးစားပေးထားတာ တွေ့ရပါတယ်။

အဲဒီနောက် ဒုတိယ အရေးကြီးဆုံးအဖြစ် ဖြေဆိုသူ ၃၁ ရာခိုင်နှုန်းက စီးပွားရေးလို့ ဆိုပြီး ၂၈ ရာခိုင်နှုန်းကတော့ အစိုးရရဲ့ ဝန်ဆောင်မှုနဲ့ အခြေခံအဆောက်အအုံတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကိုတော့ ၁၄ ရာခိုင်နှုန်းကပဲ အရေးကြီးပြဿနာအဖြစ် ရှုမြင်ကြပါတယ်။ ပြီးတော့ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ အရေးကြီးတယ် လို့ ၁ ရာခိုင်နှုန်းစီက ဖြေဆိုထားပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခပြဿနာကို တိုင်းနဲ့ပြည်နယ်က ဖြေဆိုသူတွေကရော၊ မြို့ပြနဲ့ ကျေးလက်နေသူ တွေကရော အရေးကြီးဆုံးအဖြစ် ဖြေဆိုထားကြတာကို တွေ့ရပါတယ်။

အဲဒီနောက် စီးပွားရေးဆိုင်ရာ မူဝါဒကို ဒုတိယပြဿနာအဖြစ် ဖြေဆိုရာမှာ တူညီကြပါတယ်။

တိုင်းတွေနဲ့ မြို့ပြမှာ နေထိုင်ကြသူတွေက ကုန်ဈေးနှုန်းနဲ့ နေထိုင်စရိတ်ကို အရေးကြီးတဲ့ ပြဿနာတခုအဖြစ်ဖြေဆိုကြပြီး ပြည်နယ်နဲ့ ကျေးလက်မှာ နေထိုင်ကြသူတွေကတော့ ပညာရေးကို အရေးကြီးတဲ့ ပြဿနာတခုအဖြစ်ဖြေဆိုထားကြပါတယ်။

မြို့ပြနဲ့ကျေးလက်ကို နှိုင်းယှဉ်မယ်ဆိုရင် မြို့ပြနေဖြေဆိုသူတွေက ရာဇဝတ်မှု၊ လုံခြုံရေးနဲ့ နေထိုင်စရိတ် ကိစ္စတွေကို အလေးပေးဖြေဆိုကြပြီး ကျေးလက်နေသူတွေကတော့ လျှပ်စစ်မီး၊ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတို့ကို အလေးပေး ဖြေဆိုကြပါတယ်။

ဒေသဆိုင်ရာအဆင့်အရေးအကြီးဆုံး ပြဿနာတွေအဖြစ် အစိုးရရဲ့ ဝန်ဆောင်မှုနဲ့ အခြေခံ အဆောက်အအုံ လမ်းတံတားတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒီစစ်တမ်းဟာ မြို့နယ်ပေါင်း ၂၅၄ ခုက လူပေါင်း ၃၀၀၀ လောက်ကို တွေ့ဆုံ မေးမြန်းကောက်ယူထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013