DVB Logo
Home
မြန်မာသတင်း
အယ်နီညိုကြောင့် ဆောင်းတွင်းအအေးပေါ့၍ နွေရာသီ အပူချိန် စံချိန်တင်နိုင်
DVB
·
October 1, 2018
အယ်နီညိုကြောင့် ဆောင်းတွင်းအအေးပေါ့၍ နွေရာသီ အပူချိန် စံချိန်တင်နိုင်
Donate to DVB

လာမယ့် ဆောင်းရာသီကာလမှာ အယ်နီညိုကြောင့် အအေးပေါ့နိုင်ပြီး ၂၀၁၉ ဟာ အပူချိန် စံချိန်တင်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

အယ်နီညိုဆိုတာကတော့ မြန်မာနိုင်ငံ အရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာပင်လယ်ရေ မျက်နှာပြင်အပူချိန်နဲ့ ရေအောက်အပူချိန်တွေဟာ ပုံမှန်ဖြစ်မြဲထက် ပိုမိုပူနွေးမှု ဖြစ်စဉ်ကို ခေါ်တာပါ။ ဒီပူနွေးမှုတွေဟာ ကမ္ဘာ့မြောက်ဘက်ခြမ်းနဲ့ တောင်ဘက်ခြမ်းဒေသတွေဆီကို ပျံနှံ့ပြီး လေစီးနှုန်း ပုံမှန်ထက်လျော့နည်းပြီး ပူပြင်းခြောက်သွေ့မှုကို ဖြစ်စေပါတယ်။

မိုးလေဝသဆိုင်ရာ စစ်တမ်းအရ ပစိဖိတ်သမုဒ္ဒရာမှာ အယ်နီညိဖြစ်ဖို့ သေချာမှုဟာ စက်တင်ဘာနဲ့ အောက်တိုဘာမှာ ၅၅ ရာခိုင်နှုန်းရှိပြီး ဒီဇင်ဘာလကနေ ဖေဖော်ဝါရီထိ ဆောင်းကာလမှာ သေချာမှု ၇၀ ရာခိုင်နှုန်း ရှိနေပါတယ်။ ဒီခန့်မှန်းမှုမှန်ရင် မြန်မာနိုင်ငံမှာ လာမယ့်ဆောင်းဟာ အအေးပေါ့မယ်လို့  ဦးထွန်းလွင်က ပြောပါတယ်။

၂၀၁၉ ကနေ ၂၀၂၂ ထိလေးနှစ်တာကာလကို ကမ္ဘာ့ အပူဆုံးနှစ်ဖြစ်လာမယ်လို့ မိုးလေဝသ အဖွဲ့အစည်းတွေက ခန့်မှန်းထားပါတယ်။

အယ်နီညိုကြောင့် ၂၀၁၅ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ အပူချိန်တွေ နှစ်စဉ်မြင့်တက် လာတယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်တုန်းက အလွန်ပူပြင်းတဲ့ အယ်နီညို နွေရာသီဖြစ်ပေါ်ခဲ့ပြီး အပူချိန်လွန်ကဲမှုရဲ့ဒဏ်ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှာ အသက်ဆုံးရှုံးမှုတွေ အများအပြား ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၆ ခုနှစ်ကလည်း အယ်နီညို နွေရာသီကိုကြုံတွေ့ခဲ့ပြီး ရေခမ်းခြောက်မှု၊ မိုးခေါင်ရေရှားမှုဒဏ်ကို နိုင်ငံတစ်ဝန်းခံစားခဲ့ရပါတယ်။

အခုလာမယ့် ၂၀၁၉ ခုနှစ်ဟာလည်း အယ်နီညို နွေရာသီဖြစ်ဖို့ ၇၅ ရာခိုင်နှုန်း သေချာနေတဲ့အတွက် အပူဒဏ်နဲ့ ရေခမ်းခြောက်မှုကို အထူးဂရုပြုကြဖို့ မိုးလေဝသပညာရှင်က သတိပေးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013