DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းခြင်း (၇) နှစ်ပြည့်ပွဲကျင်းပ
DVB
·
October 1, 2018
မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းခြင်း (၇) နှစ်ပြည့်ပွဲကျင်းပ
1 / 4
Donate to DVB

မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းခြင်း (၇) နှစ်ပြည့်အခမ်းအနားကို အောက်တိုဘာ ၁ ရက်မနက်က ကချင်ပြည်နယ်  မြစ်ဆုံမှာ ကျင်းပပါတယ်။

တရုတ်နိုင်ငံနဲ့ အကျိုးတူပူးပေါင်းလုပ်ဆောင်မယ့် ဒီစီမံကိန်းနဲ့ပတ်သက်ပြီး သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က ပြည်သူလူထုတွေက အပြင်းအထန် ကန့်ကွက်တာကြောင့် သူ့သက်တမ်းမှာ  စီမံကိန်း ဆက်မလုပ်ဘဲ ရပ်နားထားမယ်လို့ ကြေညာခဲ့ရတာ ဖြစ်ပါတယ်။

မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးတူးခေါင်က "အဓိက အချိန်တန်ပြီ၊ ရပ်ဆိုင်းဖို့ကိုအချိန်တန်ပြီ၊ ဒါကိုတွန်းအားပေးချင်တာ အကုန်လုံးပူပေါင်း ဆောင်ရွက်ဖို့ စီမံကိန်းအတွက် တွန်းအားဖြစ်ဖို့ပူးပေါင်းစေချင်တာ"လို့ ပြောပါတယ်။

ဒီအခမ်းအနားကို စာရေးဆရာဒေါက်တာခင်မောင်ညို၊ ဒေါ်ဒေဝီသန့်စင်၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ကိုမြအေးတို့တက်ရောက်ပြီး  ဧရာဝတီအကြောင်းဟောပြောကာ အဆိုတော် မရန်ဆိုင်းနော်က သီချင်းသီဆိုခဲ့သလို မြစ်ဆုံစီမံကိန်းကို လုံးဝကန့်ကွက်တယ်လို့ပြောပါတယ်။

ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး လက်ရှိ အန်အယ်လ်ဒီ အစိုးရလက်ထက်မှာလည်း  ဆက်လက် ဆောင်ရွက်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် ဒေသခံတွေကတော့ ဒီစီမံကိန်း လုံးဝရပ်ဆိုင်းဖို့နဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီ အစိုးရရဲ့ သဘောထားကို ပြတ်ပြတ်သားသား သိရှိလို နေကြပါတယ်။

မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ဒေသခံဒေါ်လုရာကတော့  "ဘာဖြစ်လို့ အန်အယ်လ်ဒီအစိုးရက ဆုံးဖြတ်ခွင့်မရှိတာလဲ" လို့ အခမ်းအနားမှာ မေးခွန်းထုတ်ခဲ့ပါတယ်။

ဒီအခမ်းအနားကို အရပ်ဖက်လူမှုအဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ ဘာသာရေး အသင်းအဖွဲ့တွေ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013