မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကတော့ ပိဿာ ၆၀ ဝင် တအိတ်ကို ၄၉၃၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၃၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၄၈၀၀၀ ကနေ ၅၅၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၅၇၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ပဲစင်းငုံနီ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲစင်းငုံနီ အသစ်က တအိတ်ကို ၃၇၀၀၀ ကနေ ၄၂၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၄၂၉၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၉၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ကုလားပဲ v2
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၇၃၀၀၀ ကနေ ၇၄၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၂၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၂၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
နှမ်းနက်(စမုံ)
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်(စမုံ) က ၄၅ ပိဿာဝင် တအိတ်ကို ၂၁၅၀၀၀ ကနေ ၂၄၄၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၂၃၂၀၀၀ ကနေ ၂၃၅၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် တအိတ်ကို ၉၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
နှမ်းညို
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းညိုက တအိတ်ကို ၁၄၂၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၃၉၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၆၇၅ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ ပခုက္ကူ ကုန်စည်ဒိုင် တအိတ်ကို ၂၅၀၀ ဈေးကွာခြားမှုရှိပါတယ်။
ကြက်သွန်နီ
ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက တပိဿာကို ၉၀၀ ကနေ ၁၁၀၀ ရှိပြီး တအိတ်ကို ၅၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၉၀၀ ကနေ ၁၁၅၀ ပေါက်ဈေးရှိပြီး တပိဿာကို ၅၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၅၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။
သတင်း – AMIA











