DVB Logo
Home
မြန်မာသတင်း
မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ရခိုင်တိုင်းရင်းသားကျေးရွာကို ပြန်ဆောက်ပေးရန်တောင်းဆို    
DVB
·
October 1, 2018
မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ရခိုင်တိုင်းရင်းသားကျေးရွာကို ပြန်ဆောက်ပေးရန်တောင်းဆို    
Donate to DVB

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဖြစ်စဉ်အတွင်း မီးရှို့ခံခဲ့ရတဲ့ မောင်တောမြောက်ပိုင်းရှိ နံ့သာတောင်ကျေးရွာက နေအိမ်တွေကို အစိုးရအနေနဲ့ အမြန်ဆုံး ပြန်ဆောက်ပေးဖို့ ဒေသခံရွာသားတွေက တောင်းဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ မနှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်အတွင်း မီးရှို့ခံရတဲ့အထဲမှာ မောင်းတောမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ နံ့သာတောင်ကျေးရွာ ပါဝင်ခဲ့ပြီး အဲဒီရွာမှာ လူဦးရေ ၃၀၀ ကျော် လောက်နေထိုင်နေတာ ဖြစ်ပါတယ်။

အဲဒီရွာကို အစိုးရတာဝန်ရှိသူတွေက ပြန်လည်တည်ဆောက်ရေးတွေလုပ်ဖို့ ကြန့်ကြာနေ တာကြောင့် ရွာသားတွေဟာ မိသားစုဆွေမျိုးသားချင်းတွေနေထိုင်တဲ့နေရာတွေမှာ သွားရောက် နေထိုင်နေရတယ်လို့  ဒေသခံရွာသား ဦးမောင်ကျော်နုက ပြောပါတယ်။

နံ့သာတောင်ကျေးရွာအပြင် အဲဒီရွာမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ ပရဟိတ ပညာဒါနကျောင်းပါ မီးရှို့ဖျက်ဆီးခံရတဲ့ အထဲပါဝင်ခဲ့တာကြောင့် လက်ရှိအချိန်မှာ အဲဒီကျောင်းကို ကျောင်းလာတက်တဲ့ ကျောင်းသား ၄၀၀ ဝန်းကျင်လောက် မောင် တောမြို့ မြို့မ ကျောင်းမှာ ခေတ္တယာယီနေထိုင်နေရပါတယ်။

ပြည်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို အစိုးရက လုပ်ဆောင်နေတာ တနှစ်ကျော် လာတဲ့အချိန်ထိ ကြန့်ကြာနေတာတွေကြောင့် ရွာသားအချင်းချင်းစိတ်ဝမ်းကွဲတာတွေလည်း ဖြစ်လာတယ်လို့ နံသာတောင်ပရဟိတ္တကျောင်း ဆရာတော် ဦးစာရဏက မိန့်ပါတယ်။

နံ့သာတောင်ကျေးရွာဟာ မောင်တောမြို့နယ်မြောက်ပိုင်း၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ အတွင်းမှာ တည်ရှိပြီး အိမ်ထောင်စု ၄၈ စု လူဦးရေ ၃၀၀ကျော်နေထိုင်တဲ့ ကျေးရွာဖြစ်ပြီး ရခိုင်တိုင်းရင်းသားတွေ နေထိုင်တဲ့ရွာ ဖြစ်ပါတယ်။

အဲဒီရွာကို အိန္ဒိယအစိုးရအလှူငွေနဲ့ နေအိမ် ၄၂ လုံးဆောင်လုပ်ဖို့ လျထားတယ်လို့ ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။

ရခိုင်ပြည်နယ်မှာ မနှစ်က ဖြစ်ပွားခဲ့တဲ့ အာဆာအဖွဲ့ရဲ့အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူတွေရဲ့နေအိမ်တွေ မီးလောင်တဲ့ကိစ္စ ကိုသာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အမြဲဝေဖန်ထောက်ပြနေကြပြီး ရခိုင်အပါအ၀င်  တခြား လူနည်းစု တိုင်းရင်းသားတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့ ကိစ္စနဲ့ကိုတော့ ပြောဆိုတာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013