DVB Logo
Home
မြန်မာသတင်း
လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့သည့် အငှားယာဉ်မောင်းအား ၀ိုင်းဝန်းထိုးကြိတ်ခဲ့သူများကို ဖမ်းမိ
DVB
·
October 1, 2018
လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့သည့် အငှားယာဉ်မောင်းအား ၀ိုင်းဝန်းထိုးကြိတ်ခဲ့သူများကို ဖမ်းမိ
Donate to DVB

လူမှုကွန်ရက်စာမျက်နှာပေါ်ပျံ့နှံခဲ့တဲ့ ကမာရွတ်မြို့နယ်မှာ အငှားယာဉ်မောင်းအား ၀ိုင်းဝန်းထိုးကြိတ်ခဲ့သူတွေကို ဖမ်းဆီးမိခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၇ ရက်နေ့က Khant Min Thant (TAXI ပိုင်/မောင်းများ စုဝေးရာ O & D) အကောင့်ပိုင်ရှင်က လူမှုကွန်ရက် စာမျက်နှာပေါ်မှာ “မနေ့ည ၉ နာရီခွဲလောက်မှာ လှည်းတန်း ဦးထွန်းလွန်းခြံ လမ်းထိပ်မှ ကားရပ်ထားတယ်၊ အဲဒါ နောင်နောင်ဆိုတဲ့ လူမိုက်က ဒီနေရာက ထွက်မလား၊ မထွက်ဘူးလားလို့ မေးတယ်။ အဲဒါနဲ့ အကို ဘာမလွတ်လို့လဲပေါ့လို့ မေးလိုက်တယ်။ လွတ်လွတ် မလွတ်လွတ် ငါဖယ်ခိုင်းရင်ဖယ် ကွာတဲ့၊ ငါကို မင်းက ပြန်ပြောတာလားဆိုပြီး စထိုးပါတယ်။ ကျနော်လည်း ၀ိတ်ချင်းမမျှတော့ ကာပဲ ကာနိုင်ခဲ့တယ်ဗျာ။ ဒါနဲ့ ကျနော် ရဲခေါ်မယ်ဆိုပြီး ဖုန်းဆက်မလို့လုပ်ကော နောက်ကနေ ပြေးလာပြီး တယောက်ကချုပ် ငါးယောက်က၀ိုင်းထိုးတာဗျာ။ ဆေးရုံမှာ ဆယ်ချက်ချုပ်လိုက်ရတယ်ဗျာ…..” လို့ ရေးသားထားခဲ့ပါတယ်။

ဒီနောက် ထိုးကြိတ်ခံခဲ့ရတဲ့ လှိုင်သာယာမြို့နယ်နေ အငှားယာဉ်မောင်း ကိုခန့်မင်းသန့် ကိုယ်တိုင် အဲဒီနေ့ မွန်းလွဲပိုင်းမှာ ရဲစခန်းကို လာရောက် တိုင်ကြားခဲ့တာကြောင့် ကမာရွတ်မြို့မရဲစခန်း ရာဇသတ်ကြီးပုဒ်မ ၂၉၄/၃၂၅/ ၅၀၆/၁၁၄ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူ တရားခံတွေကို စုံစမ်းစစ်ဆေးခဲ့ရာ စက်တင်ဘာ ၂၉ ရက်နေ့မှာ ကမာရွတ်မြို့နယ်နေ နောင်နောင်၊ ကိုကိုမောင်နဲ့ စိုးမိုးအောင် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။.

ဖြစ်စဉ်နဲ့ပတ်သက်လို့ ပြစ်မှုကျူးလွန်သူတွေကို ဥပဒေနှင့်အညီ တရားစွဲတင်ပို့နိုင်ရေးနဲ့ ပြစ်မှုကျူးလွန်ခံရသူ ကိုခန့်မင်းသန့်ကိုလည်း ဥပဒေနဲ့အညီ ခံစားခွင့်ရရှိနိုင်ရေး ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013