DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတွင် လျှပ်စစ်မီးသွယ်တန်းရာမှ ပဋိပက္ခဖြစ်၊ ရဲ ၂ ဦး ဒဏ်ရာရ
DVB
·
September 30, 2018
မိတ္ထီလာတွင် လျှပ်စစ်မီးသွယ်တန်းရာမှ ပဋိပက္ခဖြစ်၊ ရဲ ၂ ဦး ဒဏ်ရာရ
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် မြာကျေးရွာရှိ လျှပ်စစ်မီးဓာတ်အားလိုင်းက ရေဝေရွာနဲ့ တဲကြီးကုန်းရွာကို လျှပ်စစ်မီးဓာတ်အားသွယ်တန်းဖို့ ဓာတ်တိုင်စိုက်ရာမှာ အုတ်ခဲတွေနဲ့လှမ်းထုလို့ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးဒဏ်ရာရခဲ့ပြီး မီးခိုးဗုံး ၁ လုံးသုံးကာ လူစုခွဲခဲ့ရတယ်လို့ စက်တင်ဘာ ၂၉ ရက်မှာ မိတ္ထီလာမြို့မရဲစခန်းက ပြောပါတယ်။

ဓာတ်တိုင် ၃ တိုင် စိုက်အပြီး မူလတန်းကျောင်းနဲ့ ဘုန်းကြီးကျောင်း အုတ်တံတိုင်းကြားက လူအင်အား ၂ဝဝ ကျော်ရှိ ရွာသူ/ရွာသားတွေထဲက အုတ်ခဲကြိုးတွေနဲ့ ပစ်ပေါက်ခဲ့ကြတာပါ။

လူစုခွဲဖို့ ဟန်းပီကာနဲ့ အော်ပြောပေမယ့် လူစုမခွဲပဲ အော်ဟစ်ကာ ခဲတွေနဲ့ ပစ်ပေါက်လို့  မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးညွန့်ထွန်း ခေါင်းပေါက်သွားပြီး ရဲတပ်သား ဝင်းသီတာအေး မေ့စေ့ပေါက် ဒဏ်ရာတွေ ရခဲ့တယ်လို့ ဆိုပါတယ်။

မြာကျေးရွာအုပ်ချုပ်ရေးမှူးဦးဝင်းမျိုးက “ရွာကလူတွေ ရွှေတကျပ်သား ၅ သိန်းဈေးနဲ့ လျှပ်စစ်မီးရချင်လို့ ရောင်းချပြီး ၂ဝ၁၄-၁၅ မှာ မီးဆွဲခဲ့တယ်။ အဲဒီတုန်းက မြာရွာ၊ ရေဝေရွာ ရှမ်းတဲရွာနဲ့ တဲကြီးကုန်းရွာ ရွာ ၄ ရွာက ကုန်ကျစရိတ်မျှခံမယ်ဆိုပြီး စာချုပ်ချုပ်ထားတယ်။ မီးဆွဲတာ သိန်း ၂၄ဝ ကုန်တယ်၊ တရွာကို သိန်း ၆ဝ ကျခံမယ်ပေါ့။ ၂ဝ၁၈ ခုနှစ်မှာ ဘယ်မီးတိုင်က ဆွဲဆွဲ ဘာမှပေးစရာမလိုဘူးဆိုပြီး စာထွက်တယ်ဆိုတော့ သိန်း ၆ဝ မပေးဘဲ မီးဆွဲတာရယ်၊ ရွာက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း နောက်ကျောက မီးလိုင်းဆွဲစေချင်တာ ကျောင်းရှေ့က လာဆွဲတယ်။ အဲဒါတွေကို ရွာသူရွာသားတွေက မကျေနပ်ကြတာပါ။ အခုလည်း လျှပ်စစ်မီးမပေးတာ ၂ ရက်ရှိနေပြီ၊ ရွာကလူတွေက သူတို့နဲ့မညှိနှိုင်းဘဲ အာဏာရှင်ဆန်ဆန် လုပ်လာတယ် ထင်နေကြတယ်” လို့ ပြောပါတယ်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်းက “ကျနော်က လွှတ်တော် တက်နေရတယ်၊ ကျနော်ဆီလည်း အကြောင်းမကြားဖူး ဘာမှမသိသေးဘူး။ ကြားထားတဲ့ စကားပဲသိတယ်။ လျှပ်စစ်မီးဆွဲတာ ရွာလူထုနဲ့ ပြဿနာတက်နေတယ်။ ရဲမှူး တယောက်နဲ့ ရဲမေ တယောက် ဒဏ်ရာရသွားတယ်ဆိုတာ ကြားတယ်။ အားလုံးဝိုင်းဝန်း ညှိနှိုင်းအဖြေရှာ လုပ်ဆောင်မှာပါ” လို့ ပြောပါတယ်။

မြာကျေးရွာမှာ အိမ်ထောင်စု ၂ဝ၄ စု ရှိပြီး အိမ်ထောင်စု ၁၆ဝ သာ လျှပ်စစ်မီး သုံးနိုင်ပါတယ်။

၂ဝ၁၄ ခုနှစ် သြဂုတ်လမှာ ဓာတ်တိုင် ၂၈ တိုင်နဲ့ ပေ ၄၃ဝဝ ကျော် လျှပ်စစ်မီးဆွဲခဲ့တာပါ။ ၂ဝ၁၅ ခုနှစ် မတ်လမှာ လျှပ်စစ်မီး ရရှိပြီး ၁ လကို ၅ သိန်းကျော် လျှပ်စစ်မီတာခ နိုင်ငံတော်ကို ပေးဆောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013