DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
September 29, 2018
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကတော့ ပိဿာ ၆ဝ ဝင် တအိတ်ကို ၄၈ဝဝဝ   ပေါက်ဈေးရှိပြီး မနေ့ကဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး ။

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ် ကို ၄၇ဝဝဝ ကနေ ၅၃ဝဝဝ ပေါက်ဈေရှိပြီး တအိတ်ကို ၁ဝဝဝ ကျပ်ဈေးကျဆင်းသွားပါတယ်။

ရန်ကုန်နဲ့မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၅ဝဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

ပဲစင်းငုံနီ

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲစင်းငုံနီက အသစ်က က တအိတ်ကို ၃၇ဝဝဝ ကနေ ၄၂ဝဝဝ ပေါက်ဈေးရှိပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၄၁၄ဝဝ ပေါက် ဈေးရှိပြီး ရှိပါတယ်။

မန္တလေး နဲ့ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၆ဝဝ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

 

ကုလားပဲ v2

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၇၄ဝဝဝ ကနေ ၇၅ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁ဝဝဝ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၃၅ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၆ဝဝ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေး နဲ့ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁၅ဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

နှမ်းညို

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းညိုက ၄၅ ပိဿာဝင်  တအိတ်ကို ၁၄ဝဝဝဝ ကနေ ၁၄၂ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁ဝဝဝ ကျပ်ဈေးတက်လာပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ် ကို ၁၃၈၈ဝဝ  ပေါက်ဈေးရှိပြီး တအိတ်ကို ၅ဝဝ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးနဲ့ ပခုက္ကူ ကုန်စည်ဒိုင် တအိတ်ကို ၃၂ဝဝ ဈးကွာခြားမှုရှိပါတယ်။

 

စားအုန်းဆီ

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ စားအုန်းဆီက တပိဿာကို ၁၇၅၅ ကနေ ၁၇၆ဝ  ပေါက်ဈေးရှိပြီး တပိဿာကို ၁ဝ ကျပ်ဈေးကျဆင်းသွားပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်ပိကို ၁၇၉ဝ ကနေ ၁၈ဝဝ ပေါက်ဈေးရှိပြီး တပိဿာကို ၁ဝ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးနဲ့မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၄ဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

ကြက်သွန်နီ

ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက တပိဿာကို ၉ဝဝ ကနေ ၁ဝ၅ဝ  ရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။

မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၉ဝဝ ကနေ ၁၁ဝဝ ပေါက်ဈေးရှိပြီး တပိဿာကို ၅ဝ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပခုက္ကူနဲ့မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၅ဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့  သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013