DVB Logo
Home
မြန်မာသတင်း
ထွက်ပြေး ဘားအံအကျဉ်းသား ၂၅ ဦး ပြန်ဖမ်းမိဟု ပြည်ထဲရေးပြော
DVB
·
September 29, 2018
ထွက်ပြေး ဘားအံအကျဉ်းသား ၂၅ ဦး ပြန်ဖမ်းမိဟု ပြည်ထဲရေးပြော
Donate to DVB

ဘားအံအကျဉ်းထောင်က ထွက်ပြေးသွားခဲ့တဲ့ အကျဉ်းသားတွေထဲကနေ ၂၅ ယောက်ကို ပြန်ဖမ်းမိပြီ လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၁၆ ရက်မနက်ပိုင်းက ဘားအံ တောင်ကလေးထောင်ကနေ အကျဉ်းသားနဲ့ အချုပ်သား ၄၂ ယောက်ဟာ ထောင်ထဲက ကားနဲ့ တံခါးတွေကို တိုက်ဖွင့်ပြီး ထွက်ပြေးသွားတာလို့ အစိုးရသတင်းတွေက ထုတ်ပြန်ထားပါတယ်။

အဲဒီနေ့ကနေ စက်တင်ဘာ ၂၀ ရက်နေ့အထိ အကျဉ်းကျနေသူ ၁၇ ယောက်နဲ့ အချုပ်သား ၇ ယောက်တို့ကို ပြန်ဖမ်းမိထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မနေ့က စက်တင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းမှာတော့ လက်နက်မှု၊ မူးယစ်မှုတွေနဲ့ အကျဉ်းကျခံနေရသူ ရန်နိုင်(ခ)ဆန်းဝင်းကို မြဝတီမြို့နယ်၊ ထားလော့ရွာမှာ ဖမ်းမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

ထွက်ပြေးခဲ့သူတွေထဲက ဦးဆောင်သူအပါအဝင် နောက်တယောက်တို့ဟာ ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013