DVB Logo
Home
မြန်မာသတင်း
ဒဂုံမြို့သစ်တောင်ပိုင်း ကျူးကျော်တဲများကို ရဲတပ်ဖွဲ့က ၀င်ရောက်ရှင်းလင်း (ဓာတ်ပုံ)
DVB
·
September 29, 2018
ဒဂုံမြို့သစ်တောင်ပိုင်း ကျူးကျော်တဲများကို ရဲတပ်ဖွဲ့က ၀င်ရောက်ရှင်းလင်း (ဓာတ်ပုံ)
1 / 6
Donate to DVB

ဒဂုံမြို့သစ်တောင်ပိုင်း စက်မှုဇုန် ၁ ဘေး ၆၅ ရပ်ကွက် ကြက်ဆူပင်စိုက်ကွင်းမှာ နေထိုင်ကြတဲ့ ကျူးကျော်တဲတွေကို စက်တင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်နေ ပြည်သူ ၅၀၀ လောက်က ဝင်ရောက်ရှင်းလင်းဖယ်ရှားခဲ့ပါတယ်။

ကျူးကျော်နေထိုင်သူတွေကို မနက် ၅ နာရီလောက်က နေအိမ်ပစ္စည်းတွေ ရွှေ့ပြောင်းပေးဖို့ အချိန် ၁ နာရီလောက် ပေးပြီး နေအိမ်တွေကို ဖျက်ဆီးဖယ်ရှားခဲ့ပါတယ်။

ကျူးကျော်နေထိုင်သူတွေနဲ့ စက်ရုံအလုပ်ရုံပေါင်း ၁၂၀ ကျော်ရှိပြီး နေအိမ်တွေကို ဖယ်ရှားပေးဖို့ ငွေကျပ်ဆယ်သိန်းနဲ့ လာရောက်ညှိနှိုင်းခဲ့ပေမယ့် လက်ခံခြင်း မရှိတာကြောင့် နေအိမ်တွေ ဖယ်ရှားပေးဖို့ စာသုံးကြိမ်ပေးပို့ ခဲ့ပြီး အင်အားသုံး ဖယ်ရှားခဲ့တာပါ။

သတင်းဓာတ်ပုံ - သူသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013