DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းထုတ် ဓာတ်ဆီဂါလန် ၂ သန်း အောက်တိုဘာတွင် ရောင်းချပေးမည်
DVB
·
September 29, 2018
ပြည်တွင်းထုတ် ဓာတ်ဆီဂါလန် ၂ သန်း အောက်တိုဘာတွင် ရောင်းချပေးမည်
Donate to DVB

စက်သုံးဆီဈေးနှုန်းကို လျော့ကျစေဖို့အတွက် ပြည်တွင်းထုတ် ဓာတ်ဆီဂါလန် ၂ သန်းကို အောက်တိုဘာလမှာ ရောင်းချပေးမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ကြေညာပါတယ်။

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းရဲ့ ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) က ထွက်တဲ့ ဓာတ်ဆီတွေကို တဂါလန် ၃၈ဝဝ ကျပ်နှုန်းနဲ့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက တဆင့် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

ရေနံဓာတုဗေဒလုပ်ငန်းဟာ စက်သုံးဆီအသင်းကတဆင့် အရောင်းဆိုင်တွေကို ၂ဝ၁၈၊ ဧပြီကစပြီး တကြိမ်မှာ ဂါလန် ၃ သန်းနဲ့ ၄ ကြိမ်ရောင်းချပေးခဲ့ပြီလို့ ဆိုပါတယ်။

ဒီလို ရောင်းချပေးလို့ ဈေးကွက်ထဲမှာပြည်တွင်းသုံးဓာတ်ဆီဈေးနှုန်းကို အထိုက်အလျောက် လျော့ကျ စေခဲ့တယ်လို့လည်းဆိုပါတယ်။

ပြီးခဲ့တဲ့ လတွေကစလို့ ပြည်တွင်းမှာ စက်သုံးဆီဈေးတွေ တရိပ်ရိပ်တက်နေခဲ့ပြီး လွန်ခဲ့တဲ့ ၃ ရက်ကပဲ တလီတာကို ၁ဝ ကျပ်စီ ထပ်တက်လာပါသေးတယ်။

ဒါကြောင့် လက်ရှိမှာ ဒီဇယ်တလီတာကို ရန်ကုန်မှာ ၁ဝ၆၅ ကျပ်၊ မန္တလေးနဲ့ စစ်ကိုင်းမှာ ၁၁၁ဝ ကျပ်၊ မုံရွာမှာ ၁၁၁၅ ကျပ်၊ အဆင့်မြင့် ဒီဇယ်တဂါလန်ကို ရန်ကုန်မှာ ၁ဝ၇၅ ကျပ်၊ မန္တလေးနဲ့ စစ်ကိုင်းမှာ ၁၁၂၅ ကျပ်၊ မုံရွာမှာ ၁၁၃ဝ ကျပ်၊ ၉၂ အောက်တိန်း တလီတာကို ရန်ကုန်မှာ ၁ဝ၃၅ ကျပ်၊ မန္တလေးနဲ့ စစ်ကိုင်းမှာ ၁၁၁ဝ ကျပ်၊ မုံရွာမှာ ၁၁၁၅ ကျပ်၊ ၉၅ အောက်တိန်း တလီတာကို ရန်ကုန်မှာ ၁ဝ၈၅ ကျပ်၊ မန္တလေးမှာ ၁၁၆ဝ ကျပ်၊ မုံရွာမှာ ၁၁၆၅ ကျပ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013