DVB Logo
Home
မြန်မာသတင်း
ဓာတ်​ကုန်းင​နောင်​မုန်း ​ရေနံ​မှော်​လက်​ယက်​တွင်း ရင်းနှီးမြှုပ်​နှံသူနည်းလာ၊ အထွက်နှုန်းလျော့
DVB
·
September 29, 2018
ဓာတ်​ကုန်းင​နောင်​မုန်း ​ရေနံ​မှော်​လက်​ယက်​တွင်း ရင်းနှီးမြှုပ်​နှံသူနည်းလာ၊ အထွက်နှုန်းလျော့
Donate to DVB

အထက်​မင်းလှမြို့နယ်​၊ ဓာတ်​ကုန်း င​နောင်​မုန်း ​ရေနံ​မှော်​ လက်​ယက်​တွင်းတိမ်​လုပ်​ငန်းမှာ ရင်းနှီးမြှုပ်​နှံသူ​တွေ နည်းပါးလာတဲ့အတွက်​ ​ရေနံအထွက်​နှုန်း ဆယ်​ဆ​လောက်​​လျော့နည်းကျဆင်းသွားတာပါ။

ရေနံလက်​ယက်​တွင်းလုပ်​ကိုင်​သူ ဦး​ဇော်​ဆိုင်းက "၂ဝ၁၅/၁၆ ဝန်းကျင်​က တ​ရက်​ကို ​ရေနံ​ပေပါ ​ထောင်​နဲ့ချီထွက်​ရှိပြီး အခု ၁၀၀၊ ၂၀၀ ကို မထွက်​ရှိ​တော့ဘူး။ အထွက်​နှုန်း ကျဆင်းရတာက ​ရေနံကျင်းသစ်​ ထပ်​မံတူး​ဖော်​သူမရှိဘဲ တွင်း​ဟောင်း​တွေပဲ ခပ်​​နေရလို့ တဖြည်းဖြည်း ခန်း​ခြောက်​လာတာပါ။ ရေနံ​မှော်​မှာ ရင်းနှီးမြှုပ်​နှံမယ့် လုပ်​ငန်းရှင်​​တွေ အများကြီးလိုအပ်​တယ်​။ နိုင်ငံတော်​ အစိုးရပိုင်းကလည်း ​ရေနံလက်​ယက်​တွင်းလုပ်​ငန်းကို ​လေ့လာပြီး နည်းပညာပိုင်း​တွေ အကူညီ​ပေး​စေချင်​တယ်​” လို့ ဒီဗွီဘီကို​ ပြောပါတယ်​။

ရေနံတွင်းပိုင်​ ဦး​အောင်​စိုးက "စမ်းသပ်​တွင်း​လေး​တွေ တူး​ဖော်​​စေချင်​တယ်​။ ​ရေနံ​မှော်​ကြီးက ​ခြောက်​​ခြောက်​ကပ်​ကပ်​ ဖြစ်​​နေတဲ့အတွက်​ စမ်းသပ်​တူး​ဖော်​မယ့် လုပ်​ငန်းရှင်​​တွေကို ဖိတ်​​ခေါ်ချင်​ပါတယ်​” လို့ ပြောပါတယ်။

ရေနံသယ်​ပို့လုပ်​ကိုင်​သူ ဦးရဲကြည်​က "ယခင်​တုန်းက ​ရေနံ​ပေါ​ပေါများများ တိုက်​ရတဲ့အတွက်​ တနေ့ကို ​လေးငါး​သောင်းကျပ်​​လောက်​ဝင်​​ငွေရှိတယ်​။ လက်​ရှိအချိန်​မှာ​တော့ ​ရေနံအထွက်​နှုန်းကျဆင်းပြီး အလုပ်​ကိုင်​ ရှားပါးလာကာ စားဝတ်​​နေ​ရေးကို အနိုင်​နိုင်​​ဖြေရှင်း​နေရတယ်​။ စမ်းသပ်​တူး​ဖော်​ကြပြီး ​မှော်​ကြီးပြန်​စည်​လာဖို့ ​မျှော်​လင့်နေ ကြတယ်​” လို့ဆိုပါတယ်​။

ရေနံသယ်​ပို့လုပ်​ကိုင်​သူ ​ဒေါ်တင်​နွဲ့က "အရင်​တုန်းက​တော့ တ​ရက်​ကို ​ရေနံ​ပေပါ ၅ဝ ​လောက်​တိုက်​ရတယ်​။ ခုက​တော့ မတိုက်​ရတဲ့ရက်​က များ​နေတယ်​။ တ​ရက်​ကို ငါး​ထောင်​ကျပ်​​လောက်​ ဝင်​​ငွေရဖို့ကို မလွယ်​ကူဘူး။ ဈေး​ရောင်း​ဈေးဝယ်​​တွေနဲ့ စည်​ကားသိုက်​မြိုက်​ခဲ့တဲ့ ​ရေနံ​မှော်​ကြီး အ​ရောင်းဝယ်​​တွေ အဆင်​မ​ပြေကြ​တော့ တခြား​နေရာ​တွေကို ​ရွှေ့​ပြောင်းကုန်​ကြပြီ။ ရင်းနှီးမြှုပ်​နှံသူ​တွေ လာ​ရောက်​တူး​ဖော်​ပြီး ​ရေနံ​မှော်​သစ်​​ပေါ်ဖို့ ​မျှော်​​နေရတယ်​" လို့​ပြောပါတယ်​။

    ​ရေနံအများဆုံးထွက်​ရှိတဲ့ မြိုင်​မြို့နယ်​ဘက်​မှာ​တော့ ​ဒေသန္တရ ​ရေနံချက်​ဖိုဇုန်​တခု ​ပေါ်​ပေါက်​ဖို့ ​ဒေသခံ​တွေ ​တောင်းဆိုနေကြတာပါ။

မ​ကွေးတိုင်း​ဒေသကြီးအတွင်းမှာ အထက်​မင်းလှမြို့နယ်​၊ သရက်​မြို့နယ်​၊ မြိုင်​မြို့နယ်​နဲ့ ​ပေါက်​မြို့နယ်​​တွေမှာ ​ရေနံလက်​ယက်​တွင်းတိမ်​လုပ်​ငန်း အဓိက လုပ်​ကိုင်​ကြပြီး နိုင်​ငံ​တော်​ အခွန်​ဘဏ္ဍာ​ငွေနဲ့ တိုင်း​ဒေသကြီး ရန်​ပုံ​ငွေ အများဆုံးရရှိတဲ့ လုပ်​ငန်းတခုဖြစ်​ပါတယ်​။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013