DVB Logo
Home
မြန်မာသတင်း
တောင်သမန်ဘိုးဘိုးကြီးနတ်ပွဲ ခိုက်ရန်ဖြစ်သူ ၂၅ ဦးကို အရေးယူရန် လုပ်နေဟု ရဲပြော
DVB
·
September 29, 2018
တောင်သမန်ဘိုးဘိုးကြီးနတ်ပွဲ ခိုက်ရန်ဖြစ်သူ ၂၅ ဦးကို အရေးယူရန် လုပ်နေဟု ရဲပြော
Donate to DVB

မန္တလေးမြို့၊ အမရပူရမြို့နယ် တောင်သမန်အင်းအနီး စက်တင်ဘာ ၂၇ ရက်က ကျင်းပခဲ့တဲ့ တောင်သမန်ဘိုးဘိုးကြီးနတ်ပွဲ ချိုးရေတော်သုံးပွဲနေ့ နတ်ပုံတော် ဖောင်တော်ဆွဲယူရာကနေ ခိုက်ရန်ဖြစ်ရာမှာ ပါဝင်သူ ၂၅ ဦးကို အရေးယူနိုင်ဖို့ တရားရုံးမှာ ဦးတိုက်လျှောက်ထားမယ်လို့ ရဲက ပြောပါတယ်။

မြစ်ငယ်ရဲစခန်း တာဝန်ရှိသူတဦးက "မနေ့က ဖြစ်ခဲ့တဲ့ တောင်သမန် ဘိုးဘိုးကြီးနတ်ပွဲမှာ နတ်ပုံတော် ဖောင်တော်ဆွဲယူရာမှ ခိုက်ရန်ဖြစ်ပွားမှုက ရဲအရေးမပိုင်ပါဘူး၊ အရေးယူနိုင်ဖို့ တရားရုံးဦးတိုက်လျှောက်မှာပါ" လို့ စက်တင်ဘာ ၂၈ ရက်က ဒီဗွီဒီကို ပြောပါတယ်။

တောင်သမန်ဘိုးဘိုးကြီး ဖောင်တော် ကြိုးဆွဲရာမှာ တောင်သမန်ကျေးရွာသားတွေနဲ့ တဲနံ့သာကျေးရွာသားတွေ စကားများပြီး ခိုက်ရန်ဖြစ်ပွားခဲ့တာပါ။

ခိုက်ရန်ဖြစ်ပွားမှုကြောင့် တဲနံ့သာကျေးရွာမှ ဒဏ်ရာရရှိသူ ၈ ဦး၊ တောင်သမန်ကျေးရွာမှ ဒဏ်ရာရရှိသူ ၉ ဦး စုစုပေါင်း ၁၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာရရှိသူ ၁၇ ဦးအနက် ၁၂ ဦးမှာ မန္တလေးအထွေထွေရောဂါကုဆေးရုံနဲ့ အမရပူရဆေးရုံမှ ဆေးကုသမှုခံယူနေရပြီး ကျန် ၅ ဦးမှာ သာမန်ပွန်းပဲ့ဒဏ်ရာရရှိခဲ့ပါတယ်။

ခိုက်ရန်ဖြစ်ပွားမှုမှ ပါဝင်သူ ၂၅ ဦးကို မြစ်ငယ်ရဲစခန်းကို ဆင့်ခေါ်ထားပြီး ရာဇသတ်ကြီးပုဒ်မ ၁၆ဝ နဲ့ တရားရုံး ဦးတိုက်လျှောက်မယ်လို့ သိရပါတယ်။

Photo - လူမှုကွန်ယက်စာမျက်နှာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013