DVB Logo
Home
မြန်မာသတင်း
ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်နှင့် မကာအိုတို့ကို ဗီဇာဖြေလျှာ့မှု အောက်တိုဘာ ၁ ရက် စတင်မည်
DVB
·
September 29, 2018
ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်နှင့် မကာအိုတို့ကို ဗီဇာဖြေလျှာ့မှု အောက်တိုဘာ ၁ ရက် စတင်မည်
Donate to DVB

ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်နဲ့ မကာအိုတို့မှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ ကမ္ဘာလှည့်ခရီးသည်တွေကို ပြည်ဝင်ဗီဇာဖြေလျှော့မှု စမ်းသပ်ကာလ တနှစ်သတ်မှတ်ပြီး အောက်တိုတာ ၁ ရက်မှ စတင်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

အဆိုပါ နိုင်ငံတွေက ကမ္ဘာလှည့်ခရီးသည်တွေကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၀င်ထွက်ပေါက်တွေနဲ့ မြန်မာ-ထိုင်း နယ်စပ် တာချီလိတ်၊ မြ၀တီ၊ ထီးခီး၊ ကော့သောင်းနဲ့ မြန်မာ-အိန္ဒိယ နယ်စပ် တမူးနဲ့ ရိခေါဒါရ် ကုန်တွင်း ၀င်ထွက်ပေါက်တွေက ခွင့်ပြုမယ်လို့ နိုင်ငံပိုင်သတင်းမှာ ဖော်ပြပါတယ်။

ကမ္ဘာလှည့်ဗီဇာ တမျိုးတည်းနဲ့ အလည်အပတ်အတွက်သာ ၀င်ရောက်ခွင့်ပြုမှာဖြစ်ပါတယ်။ ဗီဇာကင်းလွတ်ခွင့်နဲ့ ရက်ပေါင်း ၃၀ နေခွင့်ပြုမှာဖြစ်ပြီး နေခွင့်သက်တမ်း တိုးမြှင့်ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်တွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွေကို ဆိုက်ရောက်ချိန်မှာ ကမ္ဘာလှည့်ဗီဇာကို ဆိုက်ရောက်ဗီဇာစနစ်နဲ့ ၀င်ခွင့်ပြုမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅၀ ကောက်ခံပြီး ရက်ပေါင်း ၃၀ နေခွင့်ပြုမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ မကာအိုနဲ့ ဟောင်ကောင်တို့မှာ လာရောက်တဲ့ ကမ္ဘာလှည့်သည်တွေဟာ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ လိုက်နာရမှာဖြစ်ပြီး လုံခြုံရေးကန့်သတ်နယ်မြေများမှအပ နိုင်ငံခြားသားတွေ သွားလာခွင့်ရှိတဲ့နေရာတွေကို လွတ်လပ်စွာသွားလာနိုင်တယ်လို့ ဆိုပါတယ်။

ပြည်ဝင်ခွင့်ဗီဇာဖြေလျှော့မှုအရ ၀င်ရောက်လာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေဟာ သက်ဆိုင်ရာ လုံခြုံရေးဌာန၊ အဖွဲ့အစည်းနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတို့ရဲ့ စိစစ်ခွင့်ပြုချက် မရပါက ၀င်ရောက်ခွင့် ရမှာမဟုတ်ဘဲ ပြန်လည်ထွက်ခွာရမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013