DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီ လက်လီရောင်းချသူများ ၁ လီတာ ၄ ရာခိုင်နှုန်းအရှုံးပေါ်နေဟုဆို
DVB
·
September 29, 2018
စက်သုံးဆီ လက်လီရောင်းချသူများ ၁ လီတာ ၄ ရာခိုင်နှုန်းအရှုံးပေါ်နေဟုဆို
Donate to DVB

လက်ရှိစက်သုံးဆီဈေး အမြင့်ဆုံးဖြစ်နေပေမယ့် လက်လီရောင်းချသူတွေအနေနဲ့ ၁ လီတာကို အရှုံး ၄ ရာခိုင်းနှုန်းရှိနေတယ်လို့ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးသူများအသင်းအတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးသူများအသင်းကနေ စက်တင်ဘာ ၂၈ ရက်နေ့က UMFCCI အသင်းချုပ်မှာ မြန်မာနိုင်ငံ စက်သုံးဆီ လက်လီလက်ကားရောင်းချသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုအပြီးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။

အဲဒီသတင်းစာရှင်းလင်းပွဲမှာ ၂၀၁၈ ခုနှစ် ၁ နှစ်လုံး စက်သုံးဆီရောင်းချသူတွေအနေနဲ့ အရင်းအောက်လျှော့ရောင်းနေတာဖြစ်လို့ အရင်းအောက်ချမရောင်းဖို့ စက်တင်ဘာ ၂၈ ရက်နေ့မှာ လုပ်ငန်းရှင်တွေကို တိုက်တွန်းထားတယ်လို့ ပြောပါတယ်။

လက်ရှိ စက်သုံးဆီရောင်းချသူတွေ ရေရှည်ရပ်တည်နိုင်ဖို့ အရင်းအောက်လျှော့မရောင်းဖို့နဲ့ အမြင့်ဆုံး ၂ ရာခိုင်းနှုန်းထက်ပိုပြီး အမြတ်မယူဖို့ တိုက်တွန်းထားတယ်။ စက်တင်ဘာ ၁ လလုံး စက်သုံးဆီအရင်းအောက် လျှော့ရောင်းနေရတာကြောင့် လက်ကားရောင်းချသူတွေက ၁ လီတာကို အမြတ် (၀ ဒသမ ၅၄) ရာခိုင်းနှုန်းရှိပေမယ့် လက်လီရောင်းချသူတွေကတော့ ၄ ဒသမ ၂၇ ရာခိုင်းနှုန်း အရှုံးဖြစ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိဒေါ်လာဈေးနဲ့ ကမ္ဘာ့ရေနံဈေးကျဆင်းတာမှန်ပေမယ့် အရင်ကတည်းက အရင်းအောက်လျှော့ရောင်းနေရတာဖြစ်လို့ လက်ရှိအချိန်အထိ အရှုံးဖြစ်နေကြောင်း၊ နိုင်ငံတော် အစိုးရအနေနဲ့ စက်သုံးဆီရောင်းချဖို့ကို နိုင်ငံတကာကိုခွင့်ပြုခဲ့ပေမယ့် လက်ရှိကုမ္ပဏီတခုသာ ရောင်းချနေပြီး ပြည်တွင်းကုမ္ပဏီတွေကို မယှဉ်နိုင်သေးဘူးလို့ ဒေါက်တာဝင်းမြင့်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၁ လကို စက်သုံးဆီတန်ချိန် ၃ သိန်းကနေ ၄ သိန်းအထိ အသုံးပြုနေပြီး ပုဂ္ဂလိက နဲ့ အစိုးရသိုလှောင်ကန်တွေပေါင်းရင် ၅ လလောက်အထိ သိုလှောင်ထားနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စက်သုံးဆီ ရောင်းချတဲ့ ဆိုင်ပေါင်း ၂ ထောင်ကျော်ရှိနေပြီး လုပ်ငန်းရှင် ၂ ဦး ငွေကြေးအရှုပ်အရှင်းကြောင့် တိမ်းရှောင်နေတာရှိတယ်လို့ ဒေါက်တာဝင်းမြင့်က ပြောပါတယ်။

လက်ရှိရန်ကုန်မြို့မှာ MAX Energy ရဲ့ စက်သုံးဆီဈေးနှုန်းဟာ စက်တင်ဘာ ၂၈ ရက်နေ့က ဒီဇယ် ၁ လီတာကို ၁၀၆၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ၁ လီတာကို ၁၀၇၅ ကျပ်၊ Octane 92 တစ်လီတာကို ၁၀၃၅ ကျပ်နဲ့ Octane 95 တစ်လီတာကို ၁၀၈၅ ကျပ်ရှိပါတယ်။

၂၀၁၇ ခုနှစ် ၁ နှစ်လုံးအတွက် စက်သုံးဆီရောင်းချလို့ရတဲ့အမြတ်ငွေ (၀ ဒသမ ၈၃) ရာခိုင်းနှုန်းရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013